Saturday, February 2, 2019

လွမ်းရက်
=======
တွေ့ခွင့်မရလျှင်လဲ
မေ့ခွင့်ခဏတော့ လိုချင်ပါတယ်။

နှလုံးသားကို ဘ၀နဲ့လဲ
ကြေကွဲလွမ်းဆွတ်မှုရဲ့ တန်ဖိုး
ဘာနဲ့ အစားထိုးလို့ ရမလဲကွယ်။

စက္ကန့်တိုင်း မေ့မရ
နေ့ညတိုင်း တမ်းမက်စေ
လွမ်းသက်သေ ခြေရာဟောင်းတွေက
ဝေဒနာပြောင်း ဆူး သို့နှယ်
စူးလို့ရယ် အဖယ်ခက်။

ဒဏ်ရာ မပျောက်အောင်လို့
သံသရာတစ်လျှောက် အမေ့ခက်စေတဲ့
နေ့ရက်တွေ ချန်ပြီးကာမှ
ကျန်ခရီး ဘယ်လိုဆက်မှာလဲ
တစ်မျက်နှာ ကဗျာအဖြစ်ကြည့်ကာ
ဝဋ်ရှိသမျှ ကျွမ်းမြေ့အနေခက်အောင်
(ရင်ထဲမှာ.....)
အလွမ်းနေ့တွေ ဆက်။     ။

မောင်စိန်ဝင်း (ပုတီးကုန်း)

No comments:

Post a Comment