Saturday, February 2, 2019

သောကခြေရာ (၂)

စံပယ်ပွင့်ပေမယ့်
စံပယ်နှင့်မတန်သူပါခင်။

မဆင်ရဲသူမို့
ရင်ထဲမှာတိတ်တခိုးနဲ့
မြတ်နိုးခုံမင်။

အပင်ကို ပျိုးသူမို့
မြတ်နိုးလျှင် ပန်းဆင်ထိုက်ပေမယ့်
ပန်လိုက်လျှင် နံ့သာခိုးသူလို့
ယိုးစွပ်ကာ စွဲချက်တင်
ပတ်ဝန်းကျင် ဆိုမှာပေါ့။

သည်တော့ကွယ် စံပယ်နှစ်
ပန်းချစ်သူ အဆင်ခက်ပြီမို့
ပင်ထက်မှာ အလှဆင့်ကာ
(စံပယ် ရယ်…) ပွင့်လိုက်ပါတော့။

မောင် စိန် ဝင်း (ပုတီးကုန်း)

No comments:

Post a Comment