Thursday, August 6, 2020

မဟာဗောဓိမြိုင်ဆရာတော်ကြီး ၏ကိုယ်တိုင်ရေးအတ္ထုပတ္တိ

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိ
              နိဒါန်း
    
    "ဒဏ်သင့်သူတို့ အပြေးလွှားခိုင်းရာ လမ်းခရီး"

        ဘ၀ဟူသည် ဝန်ထုပ်, ဝန်ပိုး ကြီးများကို ထမ်းစေ,ပိုးစေ၍ အပြေးခိုင်းခံရရာ နေရာဒေသတည်း။
ဘဝဟူသည် ဒဏ်သင့်သူတို့ ထားရာသိုရာ နေရာဒေသတည်း။
   
 သတ္တဝါတို့ သည် ကမ္ဘာပေါင်း အနှောင်းများစွာတို့ဖြင့် အနေကြာညောင်းလာခဲ့ကြရာ
စုဆောင်းမိ နေပြီဖြစ်သော ကိလေသာ ဝန်ထုပ်ဝန်ပိုးကြီးများသည်လည်းကောင်း၊ ပြုကျင့်မိနေပြီးဖြစ်သော
ကောင်းကံ ဆိုးကံ၊ ကောင်းပြစ်ဆိုးပြစ် ဝန်ထုပ်ဝန်ပိုးကြီးများသည်လည်းကောင်း၊ ကြီးမားသောထုထည်ကြီး
များဖြင့် အရှိန်လိုက်လျက် ရှိချေ၏။

ထို ကိလေသာ့အရှိန်၊ ကံရှိန်များ ဖိစီးလွှမ်းမိုးထားသည့်အတိုင်း စွဲရာဖြစ်ရ ဘဝဟူသော
ခနာ့ဝန်ထုပ်ကြီးကလည်း အချိန်နှင့်စက် နာရီမပျက် နေ့ဆက်ရက်ဆက် အသက်မကုန်မချင်း ထမ်းရွက်
လျက်ကသာ သွားလာနေကြရပါ၏။
     ထို ကိလေသာ-ကမ္မ-ခနာ့ ဝန်ထုပ်ကြီး သုံးထုပ်တို့သည် အာရုံပေါ်မှလည်း ခွစီးလိုက်နေကြပါကုန်၏။
စိတ်အစဉ်ပေါ်မှလည်း ခွစီးလိုက်နေကြပါကုန်၏။ ခန္ဓာစဉ်ပေါ်မှလည်း ခွစီးလိုက်နေကြပါကုန်၏။
    
နားသည်ဟူ၍မရှိသဖြင့် ထမ်းထားရ ပိုးထားရသော ဘဝရှင်သည်လည်း အားသည်ဟူ၍မရှိ၊
စားလျှင်လည်း ထိုသုံးထုပ် ဆင့်ပိုးထမ်းရွက်ရင်းက စားနေရ၏။ သွားလျှင်လည်း ထိုသုံးထုပ်
ဆင့်ပိုးထမ်းရွက်ရင်းကပင် သွားနေရ၏။

သည့်အတူ မိတ်ဖက်များနှင့်စကားပြောရင်း, ရယ်မောရင်းကလည်းကောင်း၊ ရန်ဘက်များနှင့်
အငြင်းပွားရင်း တိုက်ခိုက်ရင်းကလည်းကောင်း၊ ယုတ်ဆွအဆုံး အိပ်မောကျရင်း အနားယူရင်း ကပင်
ထိုအထုပ်ကြီးသုံးထုပ် ထမ်းပိုးလျက်က နေရပါချေ၏။

ထို ဝန်ထုပ်ဝန်ပိုးကြီးများကို ထမ်းပိုးရွက်လျက်က မနေမနား တွင်တွင်ပြေးလွှားနေရသော ဘဝကို
ဘဝကောင်းဟူ၍မဆိုနိုင်၊ ဘဝအနုစားလည်း မခေါ်ထိုက်။
    တစ်ဖန် ထိုဝန်ထုပ်ကြီးသုံးခုထဲမှ ကမ္မဝန်ထုပ်၏အကျိုးပေးခြင်း ခန္ဓာဝန်ထုပ်ကြီး ထပ်ဆင့်
ရလာခဲ့သည်ချည်းဖြစ်ရာ ကောင်းကံအလှည့်ကျသဖြင့် ကောင်းခံဘဝ ရောက်လာရသော ဘဝရှင်သည်လည်း၊
အကောင်းလောကဓံလေးမျိုးတို့က အလုအယက် တိုးဝှေ့ နေရာယူကြကာ ညှင်းဆဲကြသဖြင့် ကောင်းဒဏ်
သင့်လျက်သာ ရှိချေ၏။ တစ်ဖက်သော အဆိုးကံအလှည့်၌ကား ဆိုဖွယ်ရာပင် မရှိတော့ပြီ။

ဤသို့ ကောင်း,ဆိုးနှစ်တန် မည်သည့်ကံအလှည့်က အကျိုးပေးပေး ကောင်းဒဏ်ဆိုးဒဏ် နှစ်မျိုး
တစ်မျိုးမျိုးသော ဒဏ်သင့်ခံရသည်သာဖြစ်သဖြင့် ဘဝဟူသမျှ အကောင်းဟူ၍ မသုံးနှုန်းထိုက်၊
နုညက်သောဘဝဟူ၍လည်း မဆိုနိုင်။

  စင်စစ် အကောင်းအဆိုး နှစ်မျိုးသောအာရုံတို့၏ အတိုက်အခိုက်ကိုချည်းသာ အလူးအလဲ
ခံနေရသဖြင့် ဆိုးရွားသောဘ၀၊ ကြမ်းတမ်းသောဘဝဟူသော အမည်နာမပညတ်သည်သာ အသင့်လျော်
ဆုံး ဖြစ်ချေ၏။ 

ကံအစီအရင်၊ စိတ်အစီအရင်၊ ဥတုတိုက်ကွက်၊ အာဟာရတိုက်ကွက်တို့ကိုချည်းသာ
နေ့ဆက်ရက်ဆက် အသက်ဆက်အားဖြင့် အလူးအလဲ ခံနေရခြင်းကြောင့်လည်း အထက်ပါအမည်သာ
အသင့်လျော်ဆုံးထင်၏။

ဤသည်မှာ ဘဝဟူသော ဇစ်မြစ်၏ သဘောရင်းတည်း။
မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိ

(၂) 
    ငါတို့၏မွေးနှစ်ကား- ၁၃၀၃-ခုနှစ်တည်း။

ငါတို့၏ မွေးနေ့ မွေးရက်ကား ဝါဆိုလပြည့်နေ့၏ ဉာဉ့်တစ်ချက်တည်း တနင်္လာမှအကူး အင်္ဂါ၏အချိန်ဦး တည်း။

ထို တစ်ထောင့်သုံးရာပြည့်မှ သုံးခုအစွန်းထွက် ထွက်ပြူလာခဲ့သောနှစ်တွင် ဒေသအားဖြင့် အညာခေါ် အထက်အရပ်ရှိ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်အပိုင် သောက္ကံကျေးရွာအုပ်စုတွင် မင်းကုန်းဟူသောရွာ၌ -

အမိကား- ဒေါ်မေ၊ 
အဖကား- ဦးဘစံ တို့၏ ဝမ်းဝယ် သန္ဓခေိုအောင်းရာမှ မွေးဖွားထွက်ပေါ်လာခဲ့ရချေသည်။ နှစ်အားဖြင့်လည်း အစွန်းထွက်၊ နေ့ရက်အားဖြင့်လည်း လပြည့်ရက်၏ အစွန်းထွက်၊
အချိန်အားဖြင့်လည်း တနင်္လာမှကျော်လွန်စ အစွန်းထွက်အချိန်မျှသာ ရှိချေသေးရကား ငါတို့အတွက်
အတိတ်နိမိတ်ကား အစွန်းထွက်သမား ဟူ၏။

- ဘာလုပ်လုပ် တဇွတ်ထိုးစိတ်ဖြင့် အစွန်းထွက်အောင် လုပ်ဆောင်မည့်သူ။

ဘယ်သူဘာပြောပြော ငါသဘောမကျသမျှ တစ်ပြားသားမျှ မလိုက်လျောတတ်မည့်သူ။

အထက်ပါ နိမိတ်များကား မွေးကတည်းက ပါလာခဲ့သော အမွေရပစ္စည်းများ ဖြစ်ချေ၏။ အကယ်
တိတိ နိမိတ်ဖတ်သမား ဗေဒင်ပညာရှိ ပုဏ္ဏားများ ငါတို့ ဒေသ၌ ရှိခဲ့လျှင် ငါတို့ မွေးနှစ်၊ မွေးရက်၊ မွေးနေ့၊မွေးချိန်ကို ကြည့်၍ ငါတို့ကဲ့သို့ပင် နိမိတ်ဖတ်မည်မှာကား သေချာပေါက်တည်း။

"အရိုးအိုးထမ်း၍ တန်းဝင်လာခြင်း"

ငါတို့ပဋိသန္ဓရနေရသောညက မိခင်ကြီး မြင်မက်သောအိပ်မက်ကား ပိတ်ဖြူစင်ကြယ်နှင့် လူကြီး
တစ်ယောက်က လာတဲ့ပြီး အရိုးအိုး (ဘုန်းကြီးပျံပွဲများ၌ မီးသင်္ဂြိုပြီးအရိုးလက်ကျန်များကို ထည့်သိမ်း
ထားရာအိုး) တစ်လုံးလာရောက်ပေးအပ်သည်ဆို
၏။ မိခင်ကြီးကလည်း ဘုမသိ၊ ဘမသိရာမှပင်
“ဟုတ်ကဲ့' ပြောကာ လက်ခံထားလျက်က လန့်နိုးလာ
ခဲ့သည်ဆို၏။
ဤကား ငါတို့ ပဋိသန္ဓနေစ၏ အိပ်မက်တည်း။
(
ထို ယခင်ဘဝက မိဘများ ဖြစ်ကြသော
ဦးဖိုးရှိန်+ဒေါ် ဖက်ဖူးတို့တွင် ချမ်းငြိမ်း၊ သိန်းခင်၊
ဘစံ၊ ဘမောင်၊ ဉာဏ်ကျော် ဟူ၍ သား-သမီး
ငါးယောက် ထွန်းကားခဲ့ချေရာ ငါတို့ကား ငါးယောက်
မြောက် ဖြစ်ခဲ့ပြီး ငါတို့အထက် တတိယမြောက်
အကိုကြီးကို အစွဲမကုန်သဖြင့် ယခုဘ၀ အဖေ
ခေါ်ရခြင်း တည်း။

ယခုဘဝ၏ မိဘများ၌လည်း အောင်ခ၊
သန်းမောင်၊ စန်းကြည်၊ သန်းအောင်၊ ညိမ်းမောင်
ဟူ၍ သား-သမီး ငါးယောက်ထွန်းကားချေရာ
ငါတို့ကား ဘိတ်ပင်တည်း။ ထိုဘိတ်ကား နောက်ဆုံး
ပိတ် အိပ်နှင့်လွယ် ဘိတ်လား၊ ဘိတ်ချီး လေလားမဆိုနိုင်ချေ။

ထိုသို့ ငါတို့၌ နှစ်ဘဝဆက်စပ်နေသဖြင့်
ငယ်စဉ်က မိဘအပေါ် ငါတို့အခေါ် အဝေါ်မှာ
လက်ရှိကို အမေလေးခေါ်၍ အတိတ်ကိုကား
အမေကြီး ခေါ်ငင်၏။ သံယောဇဉ်ကြီး အစွဲပိုရာ၌
အတိတ်မိခင်အပေါ် အစွဲပိုခဲ့၏။ ခင်မင်စိတ်များခဲ့၏။

လက်ရှိမိခင်၌ကား ငါတို့ဘက်ကအခင်နည်းပြီး
မိခင်ဘက်က အခင်ပို၏။
ထို ဉာဏ်ကျော်ဘဝဖြင့် သာသနာတွင်းသို့
ဝင်ရောက်လာသောအခါ ဘွဲ့မှာ “ဥယျ' အမည်
တွင်၏။ ဆရာကား မင်းကုန်းတောရကျောင်းကြီး
ဆရာတော် ဦးသုနန္ဒ ဖြစ်ချေ၏။ 

ထိုဘဝမှာလည်း
အစွဲသန်,စိတ်ကြီး၏။ ထင်သလိုမဟုတ် ရုတ်တရက်
ပင် တဇွတ်ထိုးဉာဏ်သုံးကာ ဆုံးဖြတ်တတ်၏။

ကျောင်းအိပ်ကျောင်းစားဖြင့် ကျောင်းသားဘဝဝယ်
အိမ်ပြန်ထမင်းစားပြီး ကျောင်းသို့အပြန် မိခင်ကြီး
အား မိမိခေါင်း အုန်းဆီအလူးခိုင်းရာ မိခင်က
တစ်ဖက်အလုပ် မပြီးသေး၍ ရုတ်တရက် လုပ်မပေး
မိချေရာ မိမိခေါင်းပေါ်ရှိ ဆံရစ်ကို သစ်တုံးပေါ်
တင် ဓါးဖြင့်ခုတ်ဖြတ်၍ ကျောင်းသို့ ပြန်သည်
ဟူ၏။

  "လက်ရှိဘဝတွင်း ဝင်လာမိသော ငါ"

ငါတို့ဘဝကား စကတည်းက ဒုက္ခအရင်းတည်လာသော သူတည်း။

 ငါတို့ဖခင်ကား အင်္ဂလိပ်
တော်လှန်ရေးသမားအဖြစ် အမည်ခံလျက်က
လက်နက်စွဲကိုင်ခြင်း၊ မြို့နေသူဌေးတို့အပေါ် ဓါးပြ
တိုက် အနုကြမ်းစီး၍ တောနေလူတန်းစား ဆင်းရဲ
သားတို့အား ဝေငှခြင်း စသည့်အမှုတို့ကို အုပ်စုဖွဲ့
ကာထကြွမှုကြောင့် အရေးယူခံရရာ ဖခင်ကို မမိ
သဖြင့် မိခင်ကိုဖမ်းဆီး၍ ရွှေဘိုအကျဉ်းထောင်တွင်း
သွင်းထားခံရလေသောအခါ ၆-လသားမျှ ရှိသေး
သော ငါတို့သည်လည်း မိခင်နှင့်အတူ ထောင်အချ
ခံခဲ့ရချေ၏။

စွဲမိခဲ့သော ဖခင်၏အမွေကား လူလောက
ရောက်သည်နှင့် ထိုက်တန်စွာရရှိလာခြင်း ဖြစ်၏။
ငါတို့ လူလားမြောက်လာသောကာလ အင်္ဂလိပ်
မုန်းတီးခြင်းသည်လည်း ထို ဖခင်၏သွေးက
ပေးလိုက်သော အမွေပင်ထင်မိ၏။

ငါတို့သားအမိ ထောင်တွင်းနေကြရစဉ်
အချိန်၌ ဂျပန်များတက်လာပြီဆို၏။ ထိုဂျပန်များက
ရွှေဘို ဗုံးကျဲလာတိုင်း ထောင်ဝင်းကြီး၏ဘေးရှိ
သစ်ပင်ကြီး စသည်တို့သို့ တက်ရောက် ဗုံးခိုကြရ
ဆို၏။ ထောင်တွင်းဆိုသော်လည်း စင်စစ် နံရံကာ
ထောင်ကြီးအတွင်းကား ဟုတ်ဟန်မရှိ။ စစ်ဆေးဆဲ
ကာလသားတို့ နေရိုးထုံးစံ အကျယ်ချုပ်ထားရာ
အချုပ်အိမ်ဖြစ်ဟန်ရှိ၏။ 

အဘယ့် ကြောင့်ဆိုသော်
ဗုံးကြဲလေယာဉ်သံ၊ အချက်ပေးမြည်သံများ ကြားသည်နှင့်၊ အထက်ထပ်မှ သားငယ်ကို ပွေ့လျက်က
လှေခါးအတိုင်းမဆင်းဘဲ၊ လှေခါးလက်ရမ်းတန်းပေါ်
မှ လျောဆင်းကာ ပုန်းရသည်ဟူ၍ မိခင်စကား
ကြားဖူးသောကြောင့်။

တစ်နေ့ ငါတို့သားအမိကလည်း ထိုကဲ့သို့
ဒရောသောပါး ဆင်းအပြေး အင်္ဂလိပ်ထောင်ပိုင်ကြီး
ကလည်း ငါတို့ပြေးရာလမ်း ၄င်း၏ကားဘေးတွင် ရပ်နေရာ ငါတို့နှဖူးနှင့် ၎င်း၏တံတောင်ဆစ် တိုက်မိကြသည်ဆို၏။

ငါတို့ န ဖူးသည်လည်း ဇီး ဖြူ သီး တ မျှ ဖူးဖူး ရောင် သွားခြင်း၊

အင်္ဂလိပ် ကြီး၏ တ တောင် ။ ဆစ် လည်း ကွမ်းသီးလုံး တ မျှ ဖူးဖူး ထသွားခြင်း ၊ 

အင်္ဂလိပ် ကြီးသည် လည်း တ ကျွတ်ကျွတ်
နှင့် စုပ် သပ် နေ ရစ် သည် ဆို၏ ။ ငါတို့သည် လည်း
ငို ၍ မ ဆုံး တော့ ဆို၏ ။ မိခင် ကား ဘာ ကို မျှ သတိ
မ ထား နိုင် ။ 

သူ သတိထား သည်မှာ သူ့ သား လေး ဗုံး ဆံ
မ ထိ ရေး တစ်ခုတည်း ဆို၏ ။ သို့ ကြောင့် ထောင် ဝင်း
ဘေး သ ရက် ပင် ကြီး၏ ထိုင်ခုံ တို့ အောက် လေး ဘက်ထောက် ဝပ် လျက် က ငါတို့ကို ကား ထို လေး ဘက်
ထောက် ကာ ထား ရင်ခွင် ကြား နေ စေသည် ဆို၏ ။

နောက်တစ်နေ့တွင် ကား ထို ထောင်ပိုင်
အင်္ဂလိပ် ကြီး က ငါတို့ သားအမိ ၏ ဖြစ် အင် ကို သနားသ ဖြင့် သား သည် မိခင်များ အားလုံး
နေရပ်ပြန်ရန်လွှတ် 
ပေးခဲ့သည် ဆို၏ ။ 

နောင်လည်းသားသည်
မိခင်တို့ကို မဖမ်းရ အမိန့်ထု တ်သည်။ ငါတို့ကို အကြောင်းပြု၍ ဦးစွာ သားသည်မိခင်များနှင့် ခလေးများ ချမ်းသာ ဦး ရာ
ရ စေ ခြင်း တည်း ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိ

အပိုင်း(၃)

  "နှစ်နှစ် သား ဘဝမှ ခုနစ်နှစ် သား ငါ့ဘဝ"

ငါတို့ ထောင်မှ လွတ်မြောက်လာသော အခါတွင် ဖခင် မရှိတော့ပြီ ။ 
     အုပ်စု သူ ကြီး ဖြစ်သော
သောက္ကံ သူ ကြီး နှင့် အဖွဲ့ တို့၏ ချောင်းမြောင်း သတ်
ဖြတ် မှု ကြောင့် ကွယ်လွန်သွား ရ ရှာ ချေ ပြီ ။ မ ရှေး
မ နှောင်း မှာပင် ငါတို့ အထက်ရှိ သား တစ်ယောက်
လည်း တိမ်း ပါး ခဲ့ရ ချေ ပြီ ။

တစ်ချိန်က တစ် ဦး တည်းသော သမီး ဖြစ်သ ဖြင့် ဘာ ဆိုဘာမျှ မလုပ်ဘူး ၊ မ ကိုင် ခဲ့ရ ဘူး သော
ငါတို့ မိခင်ကား အရွယ် အား ဖြင့် အသက် သုံးဆယ် ရှိ
အရွယ် နု လေး ဖြင့်
မုဆိုးမ ဘဝ ရောက်ခဲ့ ရပြီး ကျန် သားသမီး လေးယောက် တို့ကို ရုန်းကန် လုပ် ကျွေး ခဲ့ရ ချေ ၏ ။ 

နှစ်ဆောင် ပြိုင်အိမ်ကြီး ကား တစ် ဆောင်ဖဲ့ ထုတ် ရောင်းချ ခဲ့ ရ၏ ။ ရှိသမျှ လယ်တော များ
ကိုယ်ပိုင် ကလည်း ရောင်းချ ။ အပ်နှံ ခံ လယ် များ က
ပြန်ပေး ရ ဖြင့် လက်မဲ့ ဘဝ ရောက်ခဲ့ ရပြီ ။ မတတ် သာ
အဆုံး ဈေး တောင်း ခေါင်း ရွက် တစ်ရွာဝင် တစ်ရွာ
ထွက်၍ အသက်မွေးဝမ်းကျောင်း မှု ပြု ရ ရှာ ချေ ၏ ။

သို့စေ လည်း သားသမီး တို့ ပ ထွေး လက်ဝယ် မျက်နှာ
ငယ် ရမည် စိုး သ ဖြင့် အိမ်ထောင် မပြု ။ သားသမီး တို့ လူ့လောက ဝယ် မျက်နှာငယ် မည် စိုး သ ဖြင့်
ကျောင်းထား မပျက် ။

ငါတို့သည် ကား အငယ်ဆုံးသား ဖြစ်၍ အ ခွင့်အရေး ပို ရ၏ ။ ဖ တ ဆိုး လေးများ တို့တွင် ငါတို့သည်ကား  မိ တကောင်း သား တည်း ။

အခါ လယ် ကျော် ခေါ်သော တစ် နှစ်ကျော်
တစ် နှစ်ခွဲ ကာလ သို့ အရွယ်ရောက်လာသော အခါ
စကား ပြောတတ် လာ ၏ ။ အိမ် နှင့် အိမ် ဝင်း အတွင်းစံ
ဘဝကို ငြီး ငွေ့ လာပြီး မိမိ ခြေ တစ်ဆ န့် သာ မျှ အထိ
လောကကြီးကို စူးစမ်း လို စိတ်ဝင် လာ ၏ ။ 

အမေကြီးခေါ် အဖွား ၏ အိမ် သည် ငါ၏ ပထမ ဦး ဆုံးသောစမ်းသပ် ရာ အိမ် ဖြစ်ခဲ့ ၏ ။ အိမ်တွင်း အိမ်ပြင် ဝင် ကြည့်၏ ။ ဖုံး ထားသော အ ရာ တွေ့လျှင် ဖွ င့် ကြည့် လို စိတ်ပေါ် ၏ ။ ဖွ င့်လည်း ဖွ င့် ကြည့် ဖြစ်၏ ။ ပိတ်ထားသောအ ရာ တွေ့လျှင် လည်းကောင်း ၊ ကာရံ ထားသော အ ရာတွေ့လျှင် သော်လည်းကောင်း ဖွ င့် ကြည့် လို စိတ်လည်း
ပေါ် စ မြဲ ။ ဖွ င့်လည်း ဖွ င့် ကြည့် စ မြဲ ဖြစ်ခဲ့ ၏ ။ ထိုသို့
သော အ ရာ မျိုး တို့ အ ထပ် ခိုး ခေါ်သော အညာ
အ ခေါ် သင်္ဘော ခြမ်း စင် ပေါ်၌ တွေ့ရ ပါ စေ တက်ရောက်၍ စမ်း မြဲ ဖြစ်ခဲ့ ၏ ။ အဖွား သည်လည်း ငါ့အား
မြေး ထဲတွင် အ ရေးပေး ဆုံး ဖြစ်ခဲ့ ၏ ။

ထို အဖွား အိမ်၌ အား ရ လောက်အောင်
မွှေ နှောက် ပြီး လေ သောအခါ ရွာထဲသို့ လှ ည့် ချေတော့ ၏ ။ ခ လေး အုပ်စု တွေ့ သော် အ စ ၌ မ ယောင်
မ လည် ရပ် လျက် က စူးစမ်း ၏ ။ အရေး ပေးသော
ကလေး စု နှင့် တွေ့လျှင် ကား ၄ င်းတို့ နှင့် ရောနှော
လျက်က ဝင်၍ စူးစမ်း ကြည့် ၏ ။ ကလေးတို့ ကား
လောက ကြီး၏ အကြောင်း ခြင်း ရာများကို ကစား ခွက်
များ ဖြင့် စူးစမ်း နေ ကြ၏ ။ သုတေသနပြု ကြ၏ ။
လက် သင် လေ့ ကျင့် ခန်း ဝင် နေ ကြ၏ ။ ယောက်ျားလေး
များ ကား တစ်ချိန် ခြင် ဆီ ပြည့် ၍ အား ရှိလသောအခါ
ယောက်ျား တို့အား စွမ်း၊ ကျား သို့ ကျွမ်း ၍ ဆင် သို့ ထမ်းနိုင်ရန် တည်း ။ 
မိန်းခလေး များ ကား တစ်ချိန် ခြင် ဆီတိုး ၍ ဖြိုး လာ သောအခါ ခွေး ကဲ့သို့ အိမ် ကိုလည်းစောင့် တောကိုလည်း လည်စေပြီး ၊ ကြောင် ကဲ့သို့
အိမ်ပေါ် ကြွက် ထိန်း ပစ္စည်း သိမ်း တတ် ရန် တည်း ။

တော ကလေးတို့ ကား တော သဘာဝ အလိုက်
လယ် ထွန် တမ်း ၊ ထမင်းချက် တမ်း ကစား ကြ ချေ ၏ ။ 

အရွယ် နည်းနည်း ရ လာ သောအခါ ထုပ် စီး တိုး တမ်း
ကြက် ခွပ် တမ်း ကစားနည်း စ သည်များ အထိ တိုးမြှင့်
လာ တတ်၏ ။ ငါတို့သည် ကား ဆွမ်းခံ တမ်း ကစား
လေ့ ရှိခဲ့ ၏ ။
ထို သာ စား ရာ မှ အစား ဆာလောင် လာသော
အခါ အမေ့ ဆီ အမောတကော ပြေး လာ ကာ နို့ တိုက်ခိုင်း ၏ ။ အ မေ ကား အလုပ်လုပ်ရင်း က 

“နင်-လူပျို
ကြီး ဖြစ်နေပြီ ။ ခုချိန်ထိ နို့ စို့ တုန်း လုပ် နေတော့ မ ရှက်
ဘူးလား” မေး ၏ ။ ငါ တို့ကလည်း ခေါင်း ရမ်း လျက်
က ပင် အမေ့ နို့ အတင်း လှန် စို့ လေရာ ပြုံးပြုံးကြီး ဖြင့်
အ မေ ကား ငုံ့ ကြည့် နေမြဲ သာ ဖြစ် ချေ တတ် ၏ ။

တစ်ခါတစ်ရံငါတို့ ယာက ကစား မှ မော ၍
ပြန် အ လာ အ မေ တို့ ကား အိမ် လှေကား ရင်း မိန်းမ
ချင်း ထိုင် စကားလက်ဆုံ ကျ နေတတ် ချေ ရာ ငါတို့
ကား အမေ့ရင်ခွင် ကြား ဝင် အိပ် ၍ နေတတ် ၏ ။၄ င်း
တို့ စကား ပြော၍ လူစု ကွဲ သွား လေ သော အခါ
အ မေ သည် အိမ် အပေါ်ထပ် သို့ တက်မည် ပြုသော
အခါ ငါတို့အား
တင် ပါး လေး ပွတ် ကာ ပွတ် ကာ
“င ညိမ်း င ညိမ်း” နှင့် နှိုး၏ ။ ငါတို့ ကား နိုး လျက် သား
နှင့် အိပ် ချင် ယောင် ဆောင် နေ လိုက် ရာ အ မေ ခမျာ
အိမ်ပေါ် အ ရောက် ပွေ့ တင် ရ တတ် ချေ သေး ၏ ။ ဤ
ကဲ့သို့ နို့ စို့ ခြင်း ၊ ရင်ခွင် တွင်း ဝင် အိပ် ခြင်း တို့သည်
တစ် နှစ်ကျော် နှစ်နှစ် ကြား ၏ အတွင်း ကာလ မျိုး တည်း ။

သုံးနှစ် သား မျှ ငါတို့ အရွယ် ရ လာသော အချိန်
တွင် ခြေ ရင်း အိမ်မှ မောင် ညိမ်း ၊ စပ် ဖြူ တို့ မောင်နှမ
နှင့် အပေါင်းအသင်း ဖြစ်လာ ၏ ။ အထူး သ ဖြင့်
မောင် ညိမ်း နှင့် ပို၍ ခင်မင် ၏ ။ ၄ င်း ကား ငါတို့ ထက်
အသက် သုံးနှစ် မျှ ကြီး၏ ။ ၄ င်း နှင့် အတူ ရွာ ၏ ထိပ် ရှိ
ကန် သို့ သွား၍ ရွှံ့ ခူး ကြ၏ ။ ပါလာသော ရွှံ့ များ ဖြင့်
လေယာဉ်ပျံ တည်ဆောက် ကြ၏ ။ ဗုံးကြဲတမ်း ကစား
ကြ လေ၏ ။ အ ဘယ် ကြောင့် ဆိုသော် ထို မောင် ညိမ်းကား ဒုတိယကမ္ဘာစစ် ၏ ဗုံးကြဲ ချိန် ကို သိ မှီ လိုက်
သော ကြောင့် တည်း ။ ငါတို့သည် ကား လေ ယာဉ် သံ
ကြား ဗုံး ခို ကျင်း ထဲ အ မ ဖြစ်သူ မ ကြည် နှင့် ဝင် ပြေး ရဖူးသည် ကို သာ မှတ်မိ တော့ ၏ ။ 

မိခင်များ နှင့် ရွာ ၏
အရှေ့ ချောင်း ၏အ နီး နတ် တ လူး တော ကြား ထဲ
ပုန်း ခို နေရသည် ကို ရေး ရေး မျှသာ မှတ်မိ ခဲ့ ၏ ။

လေးနှစ် သား မျှ ငါတို့ အရွယ် ရ လာသော
အခါ ထို မောင် ညိမ်း ကား ကျောင်း သွား ချေ ပြီ ။ ငါတို့
ကား ကစား ဘက် ပဲ့ ကာ နေ ရစ် ခဲ့ရ ချေ တော့ ၏ ။ နေ့
အခါ၌ ကြုံရာ နှင့် ပျော်ပါး နေ ရ တတ်ပြီး ည အခါ၌
အ မ များ နှင့် ကစား ရ တတ် ၏ ။ အဖွား ကား လသာ
ချိန် များ၌ တစ်ခါတစ်ရံ ပုံ ပြောတတ် ၏ ။ တစ်ခါ
တစ်ရံ ဘုရားရှိခိုး သင်ပေး တတ် ၏ ။ ထို လေးနှစ်
သား အရွယ် မှစ၍ ဘုရားရှိခိုး အ လွတ် ရ ခဲ့ ၏ ။ကကြီးခကွေး အ လွတ် ရ နေ ခဲ့ ၏ ။ ကျောင်းသို့
ရောက်သော ကာလ အလွယ်တကူ တတ် မြောက်
သော အ ခွင့် ကို ဖြစ်စေ ခဲ့ ၏ ။

ငါတို့ မောင်နှမ ကား တစ်ခါတစ်ရံ အဖွား
အိမ် ဝင်း ထဲ၌ ဝမ်းကွဲ အစ်မ မတင်ခို စသူတို့ နှင့် ကစား
လေ့ ရှိပြီး တစ်ရံ တစ်ခါ ငါတို့အိမ်ဝင်းထဲ၌ပင် ဝမ်းကွဲ
(အမေ့ ဘက်) အမျိုး များဖြစ်ကြသော တင် အေး ၊
တင်ဌေး စ သူတို့ နှင့် ကစား လေ့ ရှိ ကြ၏ ။
ထို အချိန်၌ ငါတို့ အစ်မ ကား ရှစ်နှစ် သမီး မျှ
အရွယ် ရ နေ၏ ။ ဝမ်းကွဲ ဘက်က မ ဌေး ဆို သူ ကား
ကိုး နှစ်ဆယ် နှစ် မျှ အရွယ် ရ နေ၏ ။ ၄ င်းတို့ ညီအစ်မ
က ငါတို့အား ညီမ ဖြစ်သူ တင် ဌေး နှင့် ပေး စား ကြ ကာလင်မယား လုပ် တမ်း ကစား ကြ ချေ ၏ ။ ငါတို့ ကားစိတ်မ ပါ လေ ။ တစ်ဖက်က တင်ဌေး က ဩ ဇာ သီးတစ်လုံး ပေးမည် ၊ ၄ င်း နှင့် လင်မယား တော် ပါ ပြောသည်ကိုပင် သူ့ ဩ ဇာ သီး စား လို သော်လည်း သူ့ အားပေါင်း လို သင်း လို စိတ် မရှိခဲ့ ချေ ။

     "ဘဝ နှင့် တဏှာ စိတ်"

ငါးနှစ်သား မျှ အရွယ် ရ လာ သောအခါ တွင်မူ ကား လင်မယား ပေါင်းသင်း လို စိတ် ပေါ်လာ ခဲ့
ပြီ ။ တော်သလင်း လ ၏ ခွေး တို့ အိမ်ထောင် ပြု ပွဲကို
ကြည့် လျက် က စမ်းသပ် လို စိတ် ထ လာခဲ့ ၏ ။ ပထမ
တွင် ရွယ် တူ ယောက်ျားလေးများ ဖြင့် ခွေး စုံတွဲ တို့
ကဲ့သို့ ပုဆိုး ဖြင့် ဖွဲ့၍ ဖင် ပူး ပူး စေ ကာ ကစား ကြ၏ ။
နောက် သော် ရွယ် တူ မိန်းခလေး များ ခေါ် ယူ၍ ပင်
လင်မယား လုပ် တမ်း ကစား ကြ ချေ ၏ ။ သို့သော်
စိတ် ကား ပါ သလောက် ရုပ် ကား မ လိုက်ပါ ခဲ့ ချေ ပြီ ။
မှတ်မှတ်ရရ ဘဝကို မှီ သော ထို တဏှာ သည် ကား
ငါးနှစ် သားဘဝ က ပင် ငါတို့ စိတ် ၌ ကိန်း ရာ မှ နိုးထ
လာခဲ့ချေ ပြီ ။

ထို အရွယ် မှစ၍ အိမ်တွင်း ၌လည်း ကြွက် ရှုံးရ လောက်အောင် တွေ့သမျှ ဖျက်ဆီး လေ့ ရှိ တတ် ၏ ။
ရွာ တွင်း ၌လည်း လက်လှမ်း မှီ သမျှ လက် ဆော့ ခြေ ဆော့ရှိ တတ် ၏ ။ တစ်ရွာလုံး ၌ ငါတို့ အကြောက်ဆုံး မှာဦး ချစ်တီး တစ်ယောက် သာ ရှိ၏ ။

 ထို ဦး ချစ်တီး ကား
ငါတို့ကို တွေ့ သည် နှင့် ပြူး ပြဲ အော်ဟစ် ခြောက် လှ န့်
တတ် ချေ ရာ ဦး ချစ်တီး နှင့် တိုး လျှင် ပြန် ခဲ့ရသည်
ချည်း ဖြစ်ခဲ့ ရ၏ ။ နောက်
သော် ထို ဦး ချစ်တီး ကို စိတ် မှတေးထား မိ ၏ ‘ နေ နှင့် ဦး ငါ ကြီး ပြင်း လာ မှ သိ မည်ဟူ၏ ။

တစ်ဆက်တည်းပင် လူ ကြီးကြီး ချက်ချင်း
ဖြစ် လိုသော စိတ် ပေါ် စေ ခဲ့ ၏ ။ ' လူကြီး ဘဝ မြန်မြန်
ကြီး ရောက်ရပါ လို ၏” ဟူ၍ လည်း ဆုတောင်း ဖူး ၏ ။

လူကြီး ဖြစ်လာသော် လုပ်ချင်သည် ကိုလည်း ကိုယ် ပြီး
ကိုယ်ပိုင် လုပ်၍ ရ ၊ ဦး ချစ်တီး ကိုလည်း မကြောက် ရတော့ ဟူ၍ စိတ် က မျှော် လင့်ထားသော ကြောင့်
ဖြစ်၏ ။

ငါတို့ စိတ်ဆိုး လာ သော် ဆဲ ရေး လာ တတ်၏ ။ ထို ဆဲ ရေး ခြင်း ၌လည်း ငါတို့ ကား ငါ ရိုး တစ်ခုသာ ဆဲ ရေး တတ် ၏ ။ ထို ငါ ရိုး ဟူသော ဆဲ စကားလုံးကို ရှေးက ငါတို့ ရွာတွင် ဘိုး ဖက် ဆိုသော အဖိုး တစ် ဦး
သာလျှင် မွေးကတည်းက သေ သည်အထိ သေ တဖန်
သက် တစ် ဆုံး သုံး သွားသော ဆဲ ရေးနည်း မျိုး ဆို၏ ။

သို့ ကြောင့် ငါ တို့ကိုလည်း တစ်ရွာလုံး က ဘိုး ဖက် ဟူ၍
ပင် ခေါ် ငင် ကြ ချေ ၏ ။ ငါ တို့ကလည်း မည်သူက
ခေါ်ခေါ် ဘိုး ဖက် ဆိုသည် နှင့် ငါ ရိုး က နောက် က
ပါ ပြီးသား ဖြစ်၍ နေတတ် ၏ ။ ခေါ် သူ တိုင်း က ကား
ရယ်မောပြီး သာ သွား ချေ တော့ သတည်း ။

ထို ငါးနှစ် သားဘဝ ၌ အ မေ က ငါတို့ စား ရန်
ဆို ကာ အိမ် ခြံ တွင်း ဝယ် ပြောင်းဖူး ခင်း တစ် ခင်း ပြု
လုပ်ပေး ထား ကာ ငါတို့ကို ကြက်ခြောက် ခိုင်း ထားခဲ့
၏ ။ ငါတို့ ကား “ဟုတ်ကဲ့” ဆို ကာ မ စောင့် ဖြစ်ခဲ့ ချေ ။
သို့ ကြောင့် ကြဲ ချထား သမျှ ပြောင်းဖူး စေ့ များ တစ်စေ့
မကျန် ကြက် တို့ လာရောက် ကောက် စား ကြ လေ
သ ဖြင့် တစ် ပင် မျှ မ ပေါက် ၍ တစ် ဖူး မျှ
မ စား ကြ ရ ချေ ပြီ ။
ပြီးခဲ့သော နှစ် က အပေါင်းအသင်း နည်း သ ဖြင့်ပြောင်း ခင်း လည်း ကောင်း၏ ။ ငါတို့လည်း ကောင်းသေး ၏ ။ 

ခေါင်း ရင်း အိမ်မှ နှမ, ခင် ရီ ကို ထိန်းကျောင်းထိန်းသိမ်း ပေးရင်း ပြောင်းခင်းစောင့်ရင်း နေလေရာ ခင်ရီထိန်းသိမ်းခကား တစ်နေ့ မုန့်တစ်ခုကျ စားရ၏။ ပြောင်းခင်းထိန်းသိမ်းခကား ပြောင်းဖူးအဝ စားရ၏။

ယခုနှစ် ကား အပေါင်းအသင်း လည်း များ အ ပေါင်းအသင်း ချည်း ကစားခင်း လည်း နှင့် လိုက်လံ နေတော့ ရာ ပြောင်း
မကောင်း ငါတို့လည်း မကောင်း တော့ ပြီ ။

ခြောက် နှစ်သား မျှ ရောက်သောအခါ တွင်ကား ပို၍ ဆိုး ရှား လာ
၏ ။ အပေါင်းအသင်း များ ရုံ
သာမက မှား ၍ ပင်
လာ ချေ တော့ ၏ ။ တစ်ဖက် အိမ်က ငါတို့ ထက် အသက်ကြီးသူ ကိုလှဖေ ဆို သူ နှင့်ပေါင်းမိသွား ချေ ရာ
ထို လှ ဖေ က အနူးကောင်း
သ ဖြင့် အ မေ မွေး ထားသော ကြက် အုပ် ၏ ကြက် မြုံတွင်းမှ ကြက်ဥများကို
တစ်နေ့ တစ် ဥ ကျ တစ် ဥ ကျနှိုက်ယူ ခိုးဝှက် ပေးရ ပြီး ၄ င်း ကို လှ ဖေ က ကြော် ပေးငါတို့က ၄ င်း နှင့် အတူ စားသဖြင့် ကြက်ဥ ခိုး စား ဘဝအထိ ရောက်ခဲ့ ရ၏ ။ အ မေ သိ သော် ဆူ ၏ ။ ဆူသော်ငြိမ် နေ၏ ။ နောက် လုပ် မြဲ လုပ်သည် သာ ဖြစ်ခဲ့ ၏ ။

ခုနှစ် နှစ်သား ဘဝ ရောက်သောအခါ တွင်
ကား ငါတို့သည် မကောင်း ကျောင်း ပို့ ခံခဲ့ရ ချေ ပြီး
အစ်ကိုဖြစ်သူ
မောင် သန်း (မောင် သန်းမောင်) နှင့်
ကျောင်းအတူ လိုက်ပါ ရ ချေ ၏ ။ ကျောင်းသို့ ရောက်
သည် နှင့် ပထမ ဆရာ နှင့် န ဖူး တွေ့ ဒူး တွေ ထပ်မံ
တွေ့ ကြ ရ ချေ ရာ ထို ဆရာ ဖြစ်သူ တော ကျောင်းကြီး
ဆရာတော် ဦး သု နန္ဒ ကို ကြည့် ပင်မ ကြည့် ရဲ ပြီ ။

ငါတို့သည် ကား ပထမ ဉာဏ် ကျော် ဘဝမှ
ယခု ညိမ်း မောင် ဘဝ ရောက်လာ ခဲ့ရ ချေ ပြီ ။ ဆရာကား ယခင် ဘဝ ကလည်း သည် ဆရာ ၊ ယခုလည်း
သည် ဆရာ သာ ဖြစ် ချေ ဘိ ၏ ။ လူ မှန်း သိ တတ် ခါ စ
နှစ်နှစ် သားဘဝ လောက်တုန်း က အ မေ နှင့် ဥပုသ်
၏ အခါကြီးရက်ကြီး များတွင် ကျောင်းသို့ လိုက်ပါ
သွား လေ့ ရှိရာ ကို ရင် ကြီး က ချော့ ခေါ်ပြီး
မု န့် ပေး၍ နောက်ဘဝ အကြောင်း မေး လေ တိုင်း
မဆိုင်းမတွ ပြောပြ လေ့ ရှိခဲ့ပြီး ငါးနှစ် သားဘဝ
အ ပုပ် ထ ၍ တက် ပြီးသော နောက်ပိုင်း ကြ လေ မှ
ပြော မ ပြ တတ် ဖြစ်ခဲ့ ရ ချေ သည် ။

ထိုပြောပြ တတ် လေ သော အချိန်ပိုင်း ဆီတုန်းက ငါတို့ လက်ကိုင် သုံး ခဲ့သော ကွမ်း အစ်ကိုကိုလည်း
ပြ သ နိုင်၏ ။ ငါတို့ ဝတ် ခဲ့သော ဖျင် သင်္ကန်း ကြီး
(ဧက သီ) ကို ကား ကို ရင် ကို ပြား က ဝတ်ရုံ ထား ချေ ရာ ကို ရင် ပြား ကိုယ် ပေါ်မှ ထို သင်္ကန်း မြင် သည် နှင့် ဆွဲ ၍လုယက် ခဲ့ ချေ ၏ ။

ပစ္စည်း၌ စွဲခဲ့သော တပ်စွဲ မှု ကာမတဏှာကား ဘဝကို တံတား ထိုး၍ပင် လိုက်ပါ ခဲ့ ပါ ချေ ၏ ။

သည်မျှ မ က သေး ငါတို့ အလွန် ကြောက်ရွံ့ ရို သေ
ရသော ဆရာ ဘုန်းကြီး ကိုလည်း ကြောက် စွဲ က
တံတား ထိုး လိုက်ပါ ချေ
လာခဲ့ ရာ ထို ဆရာ ဘုန်းကြီး
ကို မြင် သည် နှင့် ခေါင်း မ ဖော် ဝံ့ ပြီ ။

မှတ်မိ သေး တော့သည် ။ ငါတို့ သုံးနှစ် သားလောက် ဆီ တုန်းက အစ်ကို ဖြစ် သူ ဖိုး သန်း(သန်းမောင်) နှင့် ကျောင်းသားတွေ အ လှော်
ကောင်း သ ဖြင့် ကျောင်းသို့ လိုက်ပါသွား ခဲ့ရာ ဆရာ
ဘုန်းကြီးမြင် သည် နှင့် အတိတ်က ပါ ခဲ့သော
ဒေါသာ နု သ ယခေါ်
ကြောက် စွဲ ကြီး က အတွင်းမှ နေလှုံ့ဆော်ပေးလိုက်
ရာ တ အယ် အယ် နှင့် ငို နေ ရ ခဲ့ပါ ချေ ၏ ။

ဆရာ ဘုန်းကြီး က
“ဟို ကလေးမု န့် ပေးလိုက်ပါ တဲ့ " ဆိုတ အယ် အယ် ။
“ဟို ကလေး
သူ ပျော်သလို နေပါစေ တဲ့"
ဆိုလည်း တ အယ် အယ် ။
ဆရာ ဘုန်းကြီး အသံ ကြား တိုင်း-ကြား တိုင်း
လည်းကောင်း ၊ ဆရာ ဘုန်းကြီး အသွင် မြင်တိုင်း
မြင်တိုင်း လည်းကောင်း တ အယ် အယ် ငို လို့ ချည်း
နေ ခဲ့ရ ရာ အိမ်ပြန် ရောက်သည် နှင့် လ န့် ဖျား ဖျား ခဲ့
ရ ဖူး ချေ ၏ ။

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္ထုပတ္တိ

အပိုင်း(၄)
  
  " ဣန္ဒိ ယ သံ ဝ ရ သီလ နှင့် ပြည့် စုံ သော ငါတို့ ဆရာ"

ဆရာ ဘုန်းတော်ကြီး ဦး သု နန္ဒ ကား-

ပါ တိ မောက္ခ သံ ဝ ရ သီလ-ဝိနည်း တော် အပေါ်၌
စောင့် စည်း ကောင်းမွန် ခြင်း ။

ဣန္ဒိ ယ သံ ဝ ရ သီလ-မျက်စိ, နား, နှာ, လျှာ, ကိုယ်
စိတ် တို့ကို စောင့် စည်း ရာ၌ ကောင်းမွန် ခြင်း ။

အာ ဇီဝ ပါ ရိ သုဒ္ဓိ သီလ-အသက်မွေးဝမ်းကျောင်း
မှုကို ဝိနည်း တော် နှင့် လျော် ညီ စွာ စောင့် စည်း
ထိန်းသိမ်း ရာ၌ ကောင်းမွန် ခြင်း ။

ပစ္စယ သန္နိ ဿိ တ သီလ-ပစ္စည်းလေးပါး တို့ကို
ဆိုင်ရာ အချိန်ပိုင်း (ဝိနည်း တော် အဆုံးအဖြတ်)
အတိုင်း သိမ်းဆည်း ရာ၌ ကောင်းမွန် ခြင်း

ဂုဏ် တို့ နှင့် ပြည့် စုံ တော် မူ ချေ ရ ကား မိမိ နယ် တစ် ပိုင်
မျှသာ မ က မြို့နယ် ၊ ခရိုင် ၊ တိုင်း များ ဖြစ်ကြသော
က န့် ဘ လူ ၊ ရွှေ ဘို ၊ စစ်ကိုင်း သို့ အထိ သတင်း ကျော်ဇော
ပျံ့နှံ့ တော် မူ ခဲ့ပါ ချေ ၏ ။ 

နယ်၌ လည်း မိမိ ထက်
အကြီးအကဲ ဆရာတော်ကြီးများ က ပင် လေးစား
တော် မူ ကြ ရ၏ ။ ဝိနည်း ကံ အ ရ အဆုံးအဖြတ် ပေါ် ခဲ့
သော် ငါတို့ ဆရာ ဘုန်းကြီး ကို သာ လွှဲ အပ် တော်
မူ ကြသည် ဆို၏ ။

ထိုသို့ ဣ နြေ စောင့် စည်း အား အထူး
ကောင်းမွန် တော် မူ ခဲ့ သ ဖြင့် ငါတို့သည် ကား မော်
မ ကြည့် ရဲ လောက်အောင် ပင် ကြောက်ရွံ့ ရို သေ ခဲ့ ကြ
ရ ချေ ၏ ။ ငါတို့ ခေတ် ငါတို့ မျက်နှာပေး မျိုး နှင့် ကား
ဆီ နှင့် ရေပ မာ ကွာခြား လှ ဘိ တောင်း ။

သို့ ကြောင့် အိမ်၌ မျောက် ရှုံး ညိမ်း မောင်
သည် ကား ကျောင်း၌ မျောက် နာ ကျ ညိမ်း မောင်
ဖြစ်ခဲ့ ရ ချေ ၏ ။ ဆရာ ဘုန်းကြီး ကား ငါတို့ လာရာ ကို
လည်း သိ ၊ ငါတို့ အ ထာ ကိုလည်း သိ သည့် အလျောက်
အ လို လိုက် တော်မူ၏ ။ ငါ တို့အပေါ် ဝယ် ရိုက်နှက်
ဆုံးမခြင်း ကင်း ၏ ။ ငေါက် ငမ်း ခြင်း လည်း ကင်း ၏ ။
၄ င်း၏ အနီး အ ပါး ၌ မ ထား ဝေးသော နေရာ၌ ထား၍

ငါတို့ကိုလည်း သင်ပုန်းကြီးစာမကုန်မချင်း အစ်ကို
ဖြစ်သူကိုရင်ကြီးရှင်သာသန(လူအမည်သန်းမောင်)
ကပင် ပညာသင်ပေးရ၏။ အစ်ကို ဖြစ်သူကား
ငယ်စဉ်ကပင် လူအေး စိတ်အေးသမား။ ငါတို့ကား
ငရုပ်ပိုးပမာ စပ်ပူစပ်လောင်သမား ဖြစ်သဖြင့် ငါတို့
၏ ငယ်နိုင်ဖြစ်ချေရကား ငါတို့၏ပညာသင်စ, ကား
ကိုယ်ပြီးကိုယ်ပိုင်တည်း။

"တစ်နှစ်ဖြင့် ရှေ့တစ်လှမ်းတိုးခဲ့ရသောငါ"

သင်ပုန်းကြီးကား တစ်နှစ်မျြှဖင့် တစ်ခေါက်
ပေါက်မြောက်ခဲ့၏။
ထိုတစ်ခေါက်တည်းဖြင့်ပင် ရှေ့တက်ရန်
လမ်းစပေါ်၏။ ဉာဏ်နံ့သော ခလေးငယ်ဖြစ်ခဲ့ပါမူ
အချို့ကား နှစ်ခေါက်ပေါက်၊ အချို့ကားသုံးခေါက်
အထိ ပေါက်မြောက်မှသာ ရှေ့တက်ရရိုးထုံးစံ ရှိ၏။

ငါတို့ကား ထိုတစ်နှစ် ထိုတစ်ခေါက်ဖြင့်ပင် အက္ခရာ
ဗျည်းပိုင်း ကျေညက်သဖြင့် အက္ခရာသရပိုင်းသို့
ကူးရန် ဦးစွာ
        နမော-ဗုဒ္ဓယ-သိဒ္ဓိ-အာ-ဣဤ-ဥဦ-အဲဩ အော် - အံ အား - ၍ - ၌ -၏- ၄င်း ဟူသော
သရတွဲကိုလည်းကောင်း၊ ထို၏အဖွင့်ဖြစ်သော -
  
အကြင်သူကား လေးပါးမပျက် အာသဝက်
ကို ပယ်ဖျက်ရာကို ဣရိယာပုထ် ဤသို့ ချုပ်မှတ်
စိတ္တုပ်ဥပါဒ် အမြတ်ဦးစွာ ထားရာ အချက်
ငြိမ်သက်၏ကြောင်း ထွဋ် ရှင် ကောင်းကို ညွတ်
ပြောင်းဩကာ ပြုပြီးခါမှ လိုရာစိတ်မှန်း ကမ္မဋ္ဌာန်း
ကို ထမ်း၍တစေ ရှရှာဖွေ၏။

ထိုနေသူကား နိဗ္ဗာန်ဖျားသို့ စံစားလည်းကောင်း
ပျော်မညောင်းသည် ငယ်နှောင်းသူတို့ သိစေဖို့- သို့
ဆက်လက် သင်စေ၏။

ထိုအချိန်မှစ၍ ဆရာဘုန်းကြီးထံ ပညာ
သင်ခွင့်ရချေတော့၏။ဆရာဘုန်းကြီး ကိုယ်တော်
တိုင်ပင် လက်ရေးမူအဖြစ် ရေးပေးတော်မူကာ
သင်ပြခဲ့ပါချေ၏။ တစ်နှစ်အတွင်း၌ပင် အလယ်တန်း
ပမာဏရှိသောဖတ်စာ ရေးစာများ၊ ဆုံးမစာ ဘုရား
ရှိခိုးစာများအားလုံး ကျေညက်ပြီးဖြစ်ရကား -
အကယ်တိတိ သာသနာတော်၌ထိုတပည့်
မမြဲခဲ့ချေသော် လူရာဝင်, လူကြီးလူကောင်းတို့
အကြားဝယ် စကားပြောရည်မွန်ခြင်း၊ မှတ်သား
စရာဟောပြနိုင်ခြင်း၊ အခြားသူတို့ သာသနာ၌
သဒ္ဓါတိုးစေခြင်း များဖြင့် လူ့လောက၌ လူ့ဘဝဖြင့်
သာသနာပြုနိုင်ရန် ရည်ရွယ်၍ ဇာတ်တော်ကြီး
များ(ပါဠိ-အနက်)ဖြင့်ကို ကူးပြောင်းတက်ရချေ၏။

ငါတို့အား ထိုဇာတ်တော် ကြီးများဖြင့် တန်မတန်
စုံစမ်းသောအားဖြင့်

ယဿာ နုဘာဝတော ယက္ခာ -နေဝဒဿန္တိ
ဘိသနံ အစချီသော(မေတ္တာသုတ် ပရိတ်ကြီး၏)
ပဏာမဂါထာပါဠိကို ငါတို့ထက်သုံးနှစ်မျှစော၍
ကျောင်းနေခဲ့သော ကြည်အောင်နှင့်တွဲ၍ အဖတ်
ခိုင်းလေရာ ငါတို့ကား ထိုပါဠိ ပါဌ် ဆင့်များကို
ဦးဆောင်ပြီး ဖတ်ပြလိုက်ချေရာ ဆရာဘုန်းကြီး
သဘောကျသွားတော်မူ၏။

နောက်တစ်ရက်တွင် ဇာတ်တော်ကြီးဆယ်
ဘွဲ့ထဲဝယ် အခက်ဆုံး၊ ပါဌ်ဆင့်အများဆုံး၊ အနက်
ဖွင့် အခက်ခဲဆုံးဖြစ်သော “ဝေဿန္တာ ရာဇ၀တ်
တော်ကြီး' ဖြင့် အထက်တန်းလှမ်းခွင့်ရခဲ့ ပါချေ၏။
ထို 'ဝေဿန္တရာဇာတ်တော်ကြီး နှင့်
ပတ်သက်၍ သင်ပုန်းကြီးသင် ကာလတုန်းကပင်
ငါတို့၏ နောက်ခံပါရမီဉာဏ်က နှိုးဆော်ခဲ့ပြီး
ဖြစ်ခဲ့၏။ 

တစ်ရက်တွင် ကျောင်းသားကြီးကိုဇော်ဂျီ
(အမည်ရင်း ကိုကျော်လွင်) သည် ထိုဇာတ်တော်ကြီး
တက်ဆဲရှိချေရာ ထိုဇာတ်တော်ကြီးထဲမှ “အာဂန္ဒာ'
ဟူသော ပါဠိဝယ် အနက်ကား '' ၍ " ဟူ၍ သာ
မြုပ်လျှက်ရေးသားထားရာ အနက်မှန်ကို
ဖေါ်ထုတ်၍ မဖတ်တတ်ဘဲ ရှိသဖြင့် ငါတို့အစ်ကို
ကို ရင် သာသနာ၊ လာရောက်မေးမြန်း၏။

ထိုစဉ် ငါတို့ကလည်း ထိုကိုရင်သာသနထံ သင်ပုန်း
ကြီးစာ ရေးပေးပါသည်ကို စောင့်ဆိုင်းနေဆဲ
ဖြစ်ရာ"အာဂန္ဓာ" ပုဒ်က ဘယ်လိုအနက်ပြန်ဆိုရ
သတုန်းကိုရင် ဟူ၍ အမေးရှိသည်တွင် “အာဂန္ဓာ
လာလတ်၍ပါခင်ဗျာ"ဟူ၍ ကိုရင်ကြီးမဖြေမီ
ငါတို့ကဝင်ရောက် ထောက်ပေးလိုက်ရာ ကိုရင်ကြီး
နှင့်တကွ အားလုံး အံ့အားသင့်ကြရချေတော့၏။

ယခုထိုဇာတ်တော်ကြီးကို ငါတို့ကိုယ်တိုင်
တက်ရောက်ရလေသောအခါ အထောက် အမ
လွတ်ခဲ့ရချေပြီ။ ဆရာဘုန်းကြီးကလည်း တပြုံးပြုံး
သာ ရှိချေတော့၏။ မေးစရာ ကိုရင်သာသနလည်း
လူထွက်၍ သွား၏။ငါတို့သည်ကား ဆယ်နှစ်
သက်တမ်းသို့ ဝင်ခဲ့ချေပြီ။ ဆရာဘုန်းကြီးသည်ပင်
သက်တော် ခုနှစ်ဆယ်ကျော်ခဲ့လေပြီ။

"ဆရာ့လက်စွဲဖြစ်ခဲ့ရသောငါ"
     
ငါတို့သည် စာတော်သော ကျောင်းသား
သွက်လက်ချက်ချာ အထာသိသော ကျောင်းသား
ဖြစ်သဖြင့် ဆရာဘုန်းကြီးသွားရာ အပါးတော်မြဲ
ဖြစ်ခဲ့ရချေသည်။ ငါတို့မတိုင်မီက ကျောင်းသား
မောင်ညိမ်း(အတူနေရွာသူငယ်ချင်း)သည် ဆရာ
ဘုန်းကြီး သွားလေရာ အပါးတော်မြဲဖြစ်ခဲ့ရ၏။
ယခုသော် ထိုသူငယ်ချင်း မောင်ညိမ်းက ကိုရင်ဘဝ
ရောက်ရှိနေပြီဖြစ်သဖြင့် ၄င်းအစား ငါတို့နေရာရခဲ့
ရချေတော့၏။

ဆရာဘုန်းကြီး၏ နောက်တော်ပါးမှ လိုက်
ပါခွင့်ရ ကျောင်းသားသည် ဆရာ၏အကင်း အညှာ
အထာကိုလည်း သိရမည်။ ဥပဓိရုပ်လည်း သန့်ပြန့် လို
စင်ကြယ်ရမည်။ သတ္တိလည်းရှိရမည်ဟူ၏။

ထိုတွင် ငါတို့ဆရာဘုန်းကြီးသည်သုမင်္ဂလ
ဒုမင်္ဂလခေါ်သော သာမှုကိစ္စ၊ နာမှုကိစ္စတို့၏ အလှူ
အတန်းသို့ ကြွရောက်ရာ၌ ရဟန်းပရိတ်သတ်၊ လူ
ပရိတ်သတ်တို့အကြား လက်သုတ်ပဝါကပ်စမ်းမှ
ပလုတ်ကျင်းရေကပ်စမ်း စသည်တို့ကို ၀စီဝိညတ်
သုံးလျက်က ဝစီနှုတ်မြွက် ခိုင်းလေ့မရှိတတ်။
နောက်ပါတပည့် ဖြစ်သူကသာ သူ့အချိန်အခါ၊ သူ့
ကိစ္စ ကြည့်လျက်ကလည်းကောင်း၊ ဆရာဘုန်းကြီး
၏ မျက်နှာရိပ် မျက်နှာကဲ ကြည့်လျက်ကလည်း
ကောင်း၊ ပြုမူဆောင်ရွက်ရသည်သာဖြစ်၏။

ဆရာဘုန်းကြီး ဘုရားဝင်းအတွင်းဝင်တော့
မည်ဟု ရပ်လိုက်သည်နှင့် ဘိနပ်ရုပ်ဖို့ အပါးဝထား
ရပြီး၊ ဆရာဘုန်းကြီး ဘုရားဝင်းထဲမှထွက်ကြွ
လာသည် နှင့် ဘိနပ် အဆင်သင့် ခင်းထားဖို့လည်း
အပါးဝရချေသည်။ သည့် အတူပင်လျှင်ဆွမ်း၊
ခဲဘွယ်ဘောဇဉ် များကို မှီဝဲသုံးသပ်ရာတို့၌လည်း
အစမှအဆုံးတိုင် ဆရာဘုန်းကြီး၏ မြင်သာလောက်
ရာ အရပ်မှ နေလျက်ကသာ ဆရာဘုန်းကြီး၏ အမူ
အရာကို အကဲခတ်နေတတ်ရချေသည်။

ဆရာဘုန်းကြီးက ဆွမ်းကိစ္စပီးစီးသဖြင့်
ငြိမ်သက်နေသော် မိမိက အနီးအပါးကပ်ရောက်၍
ပလုပ်ကျင်းရေကပ်ရခြင်း၊ လက်သုပ်ပုဝါဆီသို့
ဆရာဘုန်းကြီး၏ မျက်စိရောက်သွားသော် ထိုလက်သုပ်ပုဝါကောက်ယူ၍ ဆက်ကပ်ရခြင်း စသည်
များကို မတောင်းဘဲနှင့် ပြီးစီးနေစေသော အကင်း
အညှာ,အထာသိနေသူမှ နောက်လိုက် အပါးတော်
မြဲအဖြစ် ခေါ်လေ့ရှိတတ်၏။

ရုပ်ရည် သန့်ပြန့်မှုကား ပရိတ်သတ်အများ
ကြား ပွဲတိုးရမည် ဖြစ်သောကြောင့်ဖြစ်၏။ သတ္တိရှိ
ဖို့ရန်ကား ပရိတ်သတ်ရှေ့ ရွံ့တွန့်တွန့်သမား ဖြစ်နေ
တော်တတ်။ 

အခြားရွာတို့မှ ဘုန်းကြီးနောက်ငွေဖြင့်ပင်ဝယ်ပေးကာ သီးသန့်ထားစေ၏။ ငါတို့ ငယ်ငယ်က ဆံရစ်ကလေးနှင့်ရှိရာ ထိုဆံရစ်ကို လည်း ကိုယ်တော်တိုင်ပင် ရိပ်ပယ်ပေးလေ့ရှိ၏။ ရှစ်နှစ်သားဘဝမှစ၍ ကျောင်း၌ပင်အိပ်ရာ ကိုးနှစ်၊ ဆယ်နှစ်အရွယ်ရောက်သောကာလ ဆရာဘုန်းကြီး ၏ ခြေ တော်ရင်း၌ပင် အတူနေ လှမောင်ကြီးနှင့် အတူအိပ်ခွင့်ရ၏။ အခြား ကား အခြား ချေ၏။ ကျောင်းသား ကိုရင်တို့ ကျောင်းများ၌ပင် သီးခြား အိပ်ကြရချေ၏။

ထိုသို့အရေးမပေးမီ တစ်နေ့နံနက် အရုဏ် မတက်မီ စင်္ကြန်လျှောက်နေရာမှ မီးတင်းကုပ်ထဲ ရေနွေးအိုးတည်နေသော ငါတို့ကိုလှမ်းခေါ်၏။ အနီးရောက်သော် မြင်းခုံ ခေါ် ခုံရှည်ပေါ်ဝယ် တင် ပါးလွှဲထိုင် တော်မူကာ ဝတ်ဖြည့်ခိုင်း၏။ ဝတ်ဖြည့်ရင်းမှပင် 
 “မင်း- လိမ်လိမ်မာမာနေတတ်ရမယ်။ ပညာကျိုးစားရမယ် သည်နှစ်ချက်နဲ့ပြည့်စုံအောင်နေရင် ငါချစ်မယ် ။  ” ဟူ၍ မိန့်၏။
 ကလေးပီပီ “တင်ပါ့” ဖြင့်ပြီးခဲ့ရချေ၏။ 

ထိုအမိန့်စကားအတိုင်းပင် ငါတို့ကား ကြိုးစား၏။ ဆရာကား ငါတို့ကြိုးစားသလောက် အရေးပေး၏ ။ သို့သော် ပြုံးခြင်း၊ ရယ်ခြင်း၊ လူလူချင်း ဆက်ဆံခြင်းသို့ ဖက်လှဲတကင်းကား မဟုတ်ချေ ငါတို့ ။ တော်စကား ငါတို့ရှေ့၌ပင် မပြောချေ။ ရွာက လူကြီးများ ကျောင်းသို့ ဥပုသ်ဆောင် လာရောက် ဝင်ကြသောကာလမျိုးများမှ မည်သူ့ ပညာတော်သားတဲ့ ချီးကျူးစကား သားလေးက ပြောလေ့ ရှိရာ ငါတို့ကား ရွာထဲမှတဆင့်သာ ကိုယ့်အကြောင်းကိုယ် သိခွင့်ရချေ၏။ မိဘများလည်း ထိုအခါမျိုးမှာ သား မှ ကိုမှီ၍ ပီတိဖြစ်ကြရ၏။ ဝိနည်းသိက္ခာနှင့် ပတ်သက်လာလျှင် အသေးအမွှားကစ သတိလွတ် သည်မရှိခဲ့ ။ ထိုသို့ စရဏသီလ စင်ကြယ်တော် မူသဖြင့် လူအများ ၊ နတ်အများတို့၏ ရိုသေမှုကို ခံတော်မူ၏။

တစ်ခါက ထွက်ရပ်ပေါက်ဝိဇ္ဇာများ တလှည့် ပြန်လာကာ ဘုရားတည်သွားသဖြင့် "တတုန်ပြန်” ဘုရားဟူ၍ လည်းကောင်း၊ တုန်ကန်ကုန်းပေါ်ဝယ် သဖြင့် “တုန်ကန် "ဘု ရားဟူ၍ လည်း ဘွဲ့တော်သတ်မှတ်ခံရသော စေတီတော် သည် ခြုံနွယ်တို့ဖြင့် ပိတ်ဖုံးကာ လုံးလုံးမြုပ်နေရာမှ နတ်များ ၏ နှိုးဆော်ချက်ကမ္မဇိဒ္ဓိဖြင့် ရောင်ခြည် တေးများ ကွန့်မြူးချေရာ ချိုးမီး ရိုက် ပိုက်ထောင် သော ငါတို့ရွာမှ ဖိုးတုပ်တို့လူစုတွေ မြင်ခဲ့ လေ၏။ ထိုဖိုးတုပ်တို့စကား ကြောင့် ဆရာဘုန်းကြီး နားပေါက်သွားချေရာ ၄င်းကိုယ်တော်တိုင် တစ်ည လုံးလုံးဂုဏ်တော်နှင့် မေတ္တာပွား၍ ထို တုန်ကန် ကုန်း၌ သီတင်းသုံးတော်မူ၏။ 

ည၏ အမှောင်ကြီးသည်နှင့် ရောင်ခြည် တော်များ ကွန့်မြူးနေသည်ကို ဖူးတွေ့ ရဆို၏ ။
 ရောင်ခြည်  ဟူသည် နတ်တို့က ဤနေရာ ဘုရားဓာတ်တော် မွေတော်များရှိသည်ဟူ၍ လူတို့ သိစေလို ကြောင့် ၄င်းတို့ကမ္မဇိဒ္ဓိဖြင့် ပြသ သည်လည်းရှိ၏။ လူတို့၏ ဘုရားအပေါ် ကြည်ညို သော သဒ္ဓါပသစေတနာခေါ် ကြည်လင်မှု စိတ်စေတနာ ကြောင့် ဓါတ်တော်များ၌ ကိန်းဝပ်နေ သော ဘုရားရှင်၏တံခိုး တော် ဓမ္မသတ္ထိများ မြူးကြွလာကာ ရောင်ခြည်တော် ကွန့်မြူးသည် လည်းရှိ၏။ 

ထိုနှစ်မျိုးတို့တွင် ယခုဖူးတွေ့ရသည်ကား နတ်တို့၏နှိုးဆော် မှုသည် အဓိကဖြစ်ချေ၏။ အဘယ်ကြောင့် နှိုးဆော် ရလေသနည်း မေးသော်
 ထိုတုန်ကန်ဘုရား၏ ပွင့်သင့် သောအချိန် ရောက်ရှိလာခြင်း၊ ၄င်းဘုရားကိုမှီခိုလျက်က ဒါန နှင့်ထိုက်သူ ဒါနအမွေ ၊ သီလနှင့်ထိုက်သူ သီလ အမွေ၊ နေက္ခမ္မနှင့်ထိုက်သူကို သိက္ခာသုံးဆင့် အကျင့်အမွေ လက်ရမိမိ ရရှိစေလိုခြင်းများ ကြောင့် ပင်ဖြစ်၏ ။

 ထိုအမွေများကို အဘယ်ကြောင့်
ငါတို့ ဆရာဘုန်းကြီးအား နှိုးဆော် သနည်း ထပ်ဆင့်မေးချေ ၍ ပေးရလေ သော်ကား ငါတို့ဆရာ ဘုန်းကြီးသည် စရဏသီလ ဖြူစင်မြင့်မြတ်ခြင်း၊ ဂုဏ်တော် -မေတ္တာနှစ်မျိုးတို့ကို ညဉ့်ဝယ်မပြတ် ပုတီးဖြင့် အထပ်ထပ်ပွား တော်မူခြင်း၊ တစ်နယ်လုံးက ကျောက် ထီးတန္တုအလေးဂရုပြုရသော ရဟန်းရှင်လူတို့၏ ဆရာတစ်ဆူဖြစ် ဟူသော နာယကဂုဏ်နှင့်ပြည့်စုံ ဖြစ်ပါချေ၏။ တော်မူခြင်း သောကြောင့်ပင်

ဤကား ငါတို့ဆရာနှင့်ပတ်သက်သော အကြောင်းအရာများတည်း။

"ဆရာနှင့် ဝေးခဲ့ရသော ငါ "

ငါတို့ဆယ်နှစ်သားမှစ၍ ဆရာဘုန်းကြီး သည် ၄င်း၏အရွယ်တော်ကိုထောက်၍ အနီး၌ တပည့်ကြီးတစ်ပါး ခေါ်ထားချေတော့၏။အရေး မကြီးလှသော သာသနာ့ကိစ္စများ ၄င်းတပည့် ကြီးကို လွှဲထား၏ ။ သိမ်ကိစ္စ(သိမ်သမုတ်ပွဲ) ရဟန်းခံကိစ္စ လောက်ကို သာ ကိုယ်တော်တိုင်ကြွရောက် ချီးမြှင့်တော်မူပြီး ကျန်ကိစ္စများကိုကား တပည့်ကြီး ဖြစ်သူ ဦးအာစရကိုသာ လွှတ်တော်မူ၏ ။ ကျောင်းသား ကိုရင်လေးများ၏ စာပေသင်ကြားခြင်းကိုလည်း အခြေခံပိုင်းကို လွှဲအပ် တော်မူ၏။

 ကျောင်း၏ အတွင်းကိစ္စ အဝဝကိုကား ဘာမျှပြန်မကြည့်တော့ပြီ။ ညစဉ် ညတိုင်း သား ကျောင်း ကိုရင်တို့ ဘုရားဝတ်တက်ပြီးသည်မှ ညဦးပိုင်း တစ်ပိုင်းလုံးလိုလိုပင် ကျောင်းကြီး၏ လေသာဆောင် ကြမ်းပြင်ဝယ် ပက်လက်ကုလားထိုင်တစ်လုံး ပုတီး တစ်လုံးဖြင့်ပင် ဂုဏ်တော်ပွားထုံသော အလေ့ကို ဇောက်ချပြုကျင့်တော်မူ၏။ 

ကျောင်းအုပ်ချုပ်ရေးတာဝန်ယူ ရသော ဒုတိယ ဆရာဘုန်းကြီးကား အမြဲပင် ဆူကြိမ်းကြိမ်း စကားဖြင့် ငါတို့ကို ဆုံးမလေ့ရှိတတ်၏။ ငါတို့ကား ပထမဆရာဘုန်းကြီး၏ ရိုက်နှက်ဆုံးမမှုလောက် မနှစ်သက်တတ်။ ရိုက်နှက်မှုကား တစ်ချက်ပြီး တစ်ချက်ပျောက်နှုန်းဖြင့် ပြီးပြီးပြေပြေ ရှိသော် လည်း ကြိမ်းမောင်းမှုကား ကြာရှည်တတ်သဖြင့် နားပူမှုကား နာတာရှည်ရောဂါအဖြစ် ခံရလေ့ရှိ၏။ သို့ ကြောင့် ကလေးထုံးစံအတိုင်း ငါတို့ကား မပြေးစဖူး ကျောင်းပြေးဘဝသို့ပင် ရောက်ခဲ့ရချေတော့၏။  ငါတို့ရယ် သူငယ်ချင်း ကိုရင်ငြိမ်း (ရှင်ဇ၀န)ရယ် အုန်းမောင်ကြီးရယ် ကြည်ရွှေကြီးရယ် ကျီကျင်း ဆက်များပီပီ ငါတို့ ရွာ၏အရှေ့ရှိ ငါတို့ဦးကြီး ဘုန်းကြီးဦးသကရှိရာသို့ ထွက်ပြေးကြလေ တော့၏။

မပြေးတတ်ဘဲပြေး သော ငါတို့လေးယောက် သည်ကား တန်းတန်းမတ်မတ်ပင် ကိုသောင်းဖေ (ကိုရင်ငြိမ်း၏ဦးလေး သွားလေရာ တော်သူ) ယာခင်းထဲသို့ ဝင် တစ်နာရီအတွင်း ဖမ်းမိသွားချေတော့ ၏။ ညနေခင်းသို့ရောက်သော် မိဘများက လိုက်လံ အပ်နှံကြသဖြင့် ကျောင်းသို့ ပြန်လည် ရောက်ကြရ ပြန်ချေ၏။ ဆရာဘုန်းကြီးကား ရိုက်နှက် ဆုံးမခြင်း မပြုတော့ချေ။

သို့တစေလည်း ထိုမှစ၍ ငါတို့အား အရေး မပေးတော့  ပြီ။ သာမာန်တပည့် ဆက်ဆံနှုန်းမျှသာ ပြုကျင့်တော်မူချေ၏။ အပြစ်တွေ့ က မာန်မဲခံရ သော အဆင့်သို့ ရောက်ခဲ့ရချေ၏။

 မှတ်မိသေးတော့သည် ။ သီတင်းကျွတ် ကာလ၌ ဒုတိယဆရာကား အပျော်ဝါသနာပါ၏ ။ ပညာကား မထွန်းကားရှာလေ။ ထိုဆရာ၏ စီမံ ခန့်ခွဲမှုအရ ငါတို့ , ကိုရင်တစ်သိုက် ကျောင်းသား ငွေခွဲ၍ မီးပုံးပျံပွဲ ကျင်းပကြလေကုန်၏။ တစ်ခါဖူးမှ မမြင်ရ မတွေ့ရ ဖူးသော ငါတို့ကား ပျော်လိုက်သည့် ဖြစ်ခြင်း၊

မကြာပါ လေ သီတင်းကျွတ်ပွဲတော် ပြီး ဆုံးသဖြင့် စာဝါများ ပြန်လည်ကောက်သောအခါ စာကျက်, စာအံရာ၌ အသံမကျယ်လောင်တော့ ခြင်း၊ စာပေကျမ်းစာကို များများ မတတ်ရောက်ခြင်းကို အကြောင်းပြု၍ ငါတို့အား “သီတင်းကျွတ်ပွဲ တုန်းကတော့ နင့်အသံချည်းပဲ ။ အခုတော့ ဘာ့ ကြောင့် မထွက်ရသလဲဟဲ့ နင်ကအပျော်လောက် မက်တဲ့အကောင်စားပဲ”ဟူ၍ အော်ငေါက်တော်မူပါချေတော့၏။ 

ဆရာဘုန်းကြီး၏ အော်ငေါက်ခြင်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောပင် ဖြစ်ချေ၏။ တပည့်ကြီးဦးအာစရအား ဆုံးမလိုသည်လည်းပါ၏ ။ ငါတို့ကို ဆုံးမခြင်းလည်း ဖြစ်ဘိ၏။ ငါတို့သည်ကား တစ်ခါဖူးမျှ အမာန်မခံခဲ့ ရရာမှ ယခု အမာန် အောက်ခံလိုက်ရသဖြင့် စိတ်ခုမိခဲ့ချေ၏။ သို့သော် စိတ်ထဲမှသာအခဲမကျေ ကျန်ရစ်ပါချေ၏။ ကိုယ်နှုတ် သို့ အထိကား ကူးစက်မလာခဲ့ချေပြီ။

"အပျော်နှင့်တွဲနေသော ငါ့ဘဝ"

ငါတို့သည်ကား အပျော်မျိုးသာ ဖြစ်ချေ၏။ ဖခင်ကား နှဲမှုတ်ရာ၌တော်၏။ ဝမ်းကွဲအစ်ကိုလည်း နှဲအရာ၌ လိမ္မာ၏။ အစ်ကိုရင်း အောင်ခသည်ကား ဒိုးခေါ်သော  ခြောက်လုံးပတ် တီးရာ၌လည်းကောင်း မောင်းဆိုင်းတီးခတ်ရာ၌လည်းကောင်း ကျွမ်းကျင်၏။   ဦးလေး( အမေ့မောင်ဝမ်းကွဲ)ကား ပတ္တလားတီးခတ်ရာ၌ ကျွမ်းကျင်၏။ ငါတို့မျိုးရိုးကား နှစ်ဖက်စလုံး၏ အဘိုးနှစ်ဦးတို့က ဆေးကုဆရာ  ဖြစ်နေခဲ့ပြီးမှ သားမြေးတို့ကား  သဘင်ပညာ ဝါသနာထုံကြလေသဖြင့် မျိုးရိုးရေစီးကြောင်းကြား မမှန်ခဲ့ချေ။ ငါတို့သည်ကား ဆေးဘက်သို့မလား
၊သဘင်သည် အပျော်အပါးဘက်သို့သာ ဆန်တက်ခဲ့ ပါချေ၏။

၊ထိုသဘင်ဝါသနာသည် ဒိုးပတ် ၊ အိုးစည် ရိုးရာလက်စွဲများ၏ တီးသံကြားရသော် ပါးစပ် နှစ်ဖက် ဟလျက်ကလည်း အထက်အောက်မေးရိုး နှစ်ခုကိုရိုက်ကာ စည်းဝါးကိုက် လိုက်နေတတ် သို့တည်းမဟုတ် နှစ်ဖက်ပခုံးစွန်း တွန့်လျက်လည်း ကနေတတ်ချေ၏။ နောက်သော် ထိုမျှမကတော့ ပြီ။ 

မှတ်မိသေး တော့သည် ။ တော်သလင်းလ တစ်လဝယ် ငါတို့ဒေသ မိုးခေါင်ရေရှားဖြစ်ပြီး မစိုက်ကြရမပျိုးကြရ ။ အချို့ကား စိုက်ပျိုးလျှက် တန်းလန်းတို့ဖြင့် လယ်ယာများရပ်နားထားရသဖြင့် တစ်ရွာလုံးက အားကိုးအား ထားပြုကြရရှာ သော ဆင်များရှင် ကိုယ်ပွားတော်ကြီးကို ငါတို့ကျောင်း မှနေ ရွာသို့ ရေသပ္ပါယ်ခြင်းအမှု ပင့် ဆောင်ကြကာ ပြုရန်လည်းကောင်း၊ ပန်း၊ သစ်သီး၊ ရေချမ်း၊ ဆွမ်း၊ ကွမ်း ကပ်လှူပြုရန်လည်းကောင်း ရွာ၌ ပြင်ဆင် ကြလေကုန်၏။ 

ငါတို့သည်လည်း ထိုပင့်ဆောင်ပွဲ၌ အတီး အမှုတ် အကအခုန်များဖြင့် လိုက်ပါကြရန် နောင် တော်ဖြစ်သူ ကိုရင်ကြီးသာသနကဇာတ်ဆရာ၊ ငါတို့ ကား ဇာတ်ဆောင်လုပ်ကာ ညညများ၌ ဘုရားဝတ် တက်မှု ၊ စာပြန်ဆိုမှု ပြုပြီးလေတိုင်း ဇာတ်တိုက်ကြ ရာ ဆရာဘုန်းကြီးကား မာန်မဲငေါက်ငမ်းခြင်း အမှု မပြုသည့်အပြင် ပြုံး၍ပင်နေတော်မူတတ်၏။ ဤမျှအထိ အခွင့်အရေးပေးခံရသောငါ ယနေ့ ထိုအခွင့် အရေးမျိုး မရတော့ပြီ။

ထိုအခွင့်အရေးမျိုးသည် မည်သည့်လက်ထက်ကမျှ မရခဲ့စဘူးဆို၏။ ငါတို့လက်ထက်တွင်ကား ဆရာဘုန်းကြီး၏ အရွယ်တော်ညောင်း လာသဖြင့် မာန်လျှော့ချခြင်းလည်းပါ၏။ ငါတို့အပေါ် အလို လိုက်ခြင်းလည်း ပါချေ၏။

တစ်ဖန် သီတင်းကျွတ်လေတိုင်း (ရွာသူ ရွာသားများ၊ သည်)ကျောင်းဝင်းအတွင်းရှိ အတောင်သုံးဆယ်မျှ ဉာဏ်တော်အမြင့် ရှိပြီး တစ် ဆယ့်နှစ်ဆူမျှ စနစ်တကျ စီတန်းလျက်တည် ကိုးကွယ်ထားသော စေတီတော်အသီးသီးသို့ မီး ကြာခွက် (ကြာပွင့်ကဲ့သို့ စက္ကူရောင်စုံကို ချိုးလျက် ပြုပြင်စီရင်ထားသော )များဖြင့် တစ်ရွာလုံးမှလည်း ကောက်စိုက်သမ အသင်းများမှလည်းကောင်း၊ ကုမ္မာ ရီအသင်းများမှလည်းကောင်း လှည့်လည်ကန်တော့ ပွဲကျင်းပခြင်း၊ ဆရာဘုန်းကြီးထံမှ သြဝါဒခံယူခြင်း များ ပြုလုပ်လေ့ရှိရာ ထိုပွဲမျိုးတို့၌လည်း ငါတို့ ကျောင်းသား ဒိုးအဖွဲ့က ပါသည်သာဖြစ်ခဲ့၏။

မှတ်မိသေး၏။ ငါကား ဇူဇကာပုဏ္ဏား အဖြစ် ကျောင်းရှိအနေကထိုင်များကို ပုဏားဝတ် အသွင်ပတ်၍ လှအောင်ကြီးက အမိတ္တာပုံအသွင် ကျောင်းရှိရဟန်းအသုံးအဆောင်များကိုဆင်ယင်၍ ရွာသားဒိုးပါတ်နှင့်ပြိုင်ပွဲဝင် ကြရာ ငါတို့အဖွဲ့ကား အများပွ တောင်းခံကြရချေ၏။ 

ဆရာဘုန်းကြီး သြဝါဒခံယူပြီးစီး၍ ရွာ မပြန်ခင် ရွာဒိုးကဧည့်ခံလေရာ ငါတို့နှစ်ယောက်ကို ၄င်းတို့ ဒိုးအဖွဲ့ဖြင့် တွဲဖက်ကပြကြ ရာ ပွဲကြည့် တဝါးဝါး တဟားဟား အားပေးကြကုန်၏။
"သည်ကောင် ကောင်နှစ်ကောင် ကြီးသောအခါ.."ဟူ၍ မှတ်ချက်များပင် ပါလာချေတော့၏။  ဆရာဘုန်းကြီးကား လေသာ ဆောင် ကြမ်းပြင်ခန်းမှ မျက်စိမသုံး နားတော်ကိုသုံးလျက်က သူ့တပည့်နှစ်ဦး၏ အရူးထ မြူး ကြပုံတို့ကို ပြုံးတော်မူခဲ့ပါချေ၏။ ငါတို့အရွယ် ကား ဆယ်နှစ်တွင်းမျှသာ။

 သည်မျှမကသေး အပျော်နှင့်ပတ်သက်လာ လျှင် အိပ်သွန်ဖာမှောက် ယူတတ်သောငါပင် ဖြစ် ချေ၏။ “  ကျောင်းဘာလို့နေ  ” “အပေါင်းအသင်းများဖြင့် ပျော်ရပါးရ ကစားရလို့နေ” ဟူသောအဖြေ သည် ငါ့အတွက်ကွက်တိအံကိုက်ပင်ဖြစ်ချေ တော့၏။

ကျောင်းဝင်စ ခုနစ်နှစ်မှ ရှစ်နှစ်သားအတွင်း ငါကား ဆရာဘုန်းကြီး၏ အပါးတော်မြဲ မဖြစ်ချေ သေး။ သို့ ကြောင့် ဘုန်းကြီးမရှိလျှင် လွတ်လပ်ရေး ပွဲ ကျင်းပမြဲပင်ဖြစ်ခဲ့ချေ၏။ ဘုန်းကြီး ညကျိန်းစက် မီ ပင့် သောအလှည့်မျိုးဆိုက တစ်ညနှစ်နေ့ ရက် တို့သည်ကား  တို့ ဗျဝိ ဗျတ္တညီနောင်ကပင်ဆရာတင်ရလျှလောက်အောင် အပျော်သန် အဆော့ သန် ပွေလီဉာဏ် များတတ်ချေ၏။ မျောက်ဆော့ သည် ဆိုသည်မှာ ငါတို့ထံမှအတုခိုးပြီး ခြင်းမျှသာ ရှိချေအံ့ထင်သည် ။ 

ဆော့တတ် ထိုတစ်ညနှစ်နေ့၏ အချိန်ကုန်ခါနီးကျလေ တိုင်း အချိန်သည် ထောင်တွင်းဝင်ရမည့်သူကဲ့သို့ အောင့်မေ့မှတ်ထင်မိ၏။ သို့  ကြောင့် ဆရာဘုန်းကြီး ပြန်လာ-မလာ ဗေဒင်မေးကြရလေကုန်၏။ မေးပုံမှာ ဂန္ဓကုဋိတိုက် (အုဌ်တိုက် )အတွင်းရှိ ကြေးဆင်းတု ကိုယ်ပွားတော်ကြီးရှေ့သို့ ထမင်းတစ်ဆုပ် ရေ တစ်မှုတ် တင်ကြ၏ ။ ပြီးသော် အပြင်သို့ထွက်ခဲ့ကြ မြေကြီးပေါ်ဝယ် ဒုတ်ဖြင့် ဝလုံး ကြီးကြီးရေး၊ ထိုဝလုံးကြီးကို အထက်အောက် ကြက်ခြေခတ်မျဉ်း တား၊ လေးကွက်ဖြစ်လာသော အထက်ကွက်၏ ဝဲမှစ၍ အစဉ်အတိုင်း သ-အက္ခ ရာ၊ န-အက္ခရာ၊ အ-အက္ခရာ ၊ ဣ-အက္ခရာလေးလုံး အင်းဆံသွင်း သည့်ပမာ ဒုတ်ဖြင့်ရေးခြစ်ထည့် ပြီးသော် ဘာမှ နားမလည်ရှာသေးသော ၊ ကျောင်းသားပေါက်စ ကလေးငယ်လေးအား ထိုလေးကွက် တစ်ကွက်ကွက် ကြိုက်ရာကို လက်ညှိုးဖြင့် အထောက်ခိုင်းကြလေ ကုန်၏။

အကယ်တိတိ ထိုကလေးငယ်က 
သ-အက္ခရာရှိရာအကွက် လက်ညှိုးထောက် သော် ယနေ့ဆရာဘုန်းကြီး မလာဖြစ်သေး၊ တပည့် တကာများတား ထားသဖြင့် သီတင်းသုံးနေရအုံးမည်။ 
န-အက္ခရာဆိုက ကြွလာတော့မည် နေရာရပ်ရွာဝယ် ပြင်ဆင်နေပြီ ။ 

အ-အက္ခရာဆိုက လမ်းတစ်ဝက်ပင် ရောက်ရှိနေချေပြီ။

အကယ်တိတိ ဣ အက္ခရာကွက်ကိုများထောက်မိသည်ရှိသော်နီးလာပြီ ၊ ရောက်တော့မည် ဟူ၏။ 
ဤသို့ အကွက်ထောက် ဗေဒင်မေး၍ ပျော်ကြ ရွှင်ကြရချေကုန်၏။ သ-အက္ခရာကိုများ ထိုကလေးကထောက်မိသွားလျှင် ပျော်လိုက်သည့် ဖြစ်ခြင်း။ အကယ် တိတိ ဣ အက္ခရာအလှည့် ကျသွားပြီဆိုသော်ကား ငါတို့မျက်နှာ  သွေးမရှိတော့ပြီ။

ကလေးငယ်ငယ် ထို ငါတို့အရွယ်သည် စိတ်ပျံ့လွင့်ခြင်း၊ ပူပန်ခြင်း၊ အလျဉ်းကင်းမဲ့သဖြင့် တစ်နာရီလျှင် စက္ကန့်ပြည့် မိနစ်ပြည့် တစ်နာရီစေ့ သက်တမ်းရှည်၏။ 

ကလေးငယ်ငယ် ထိုငါတို့အရွယ်သည် အာရုံတစ်ပါး ပျံ့သွားခြင်းကင်းသဖြင့် တစ်ခုဆို တစ်ခု၌သာ စိတ်စိုက်ကျနေချေရကား အစွဲကြီးမား လှချေ၏။

- အစွဲအားလုံးတို့တွင် ပျော်စိတ်သည် ထိပ်ဆုံးတည်း ။

- ကလေးအသက်ကား အပျော်တည်း။

- ပျော်ရွှင်ချမ်းမြေ့ခြင်းသည် ကလေးတို့ တောင့်တအပ်သော ဆုထူးတည်း ။ 

။ ထိုအကြောင်းနှင့်ပတ်သက်၍ နှစ်ချက်မျှ မှတ်မိသားမိ ရှိခဲ့ချေ၏ ။ တစ်ခုမှာ သုံးနှစ်သားဘဝက ဖြစ်၏။ မိခင်သည် ဈေးမှအပြန် ငါတို့ကစားစရာ နရီစည်း ခေါ် ကျေးလင်းကွင်း အငယ်စားလေးတစ်စုံ ဝယ်လာခဲ့ရာ ရကတည်းက လက်ကမချပြီ။ တစ်နေ ကုန် တီးခတ်ရသည်မှာလည်း တစ်ချွမ်ချွမ် ၊ ငါတို့ဘယ်ရောက်နေသည် သိလိုလျှင်ထိုချွမ်ချွမ်သံ နားထောင်ကြည့် သိနိုင်၏။ အိပ်သော်မှ လည်ပင်းဝယ် ကြိုးဖြင့်ဆိုင်းလျက်ကအိပ်ရချေ၏။ ဘယ်စောင်း ချွမ်ချွမ်၊ ညာစောင်းလည်း- ချွမ်ချွမ်တည်း။

မိခင်ကား ငါတို့အပေါ် အချစ်ပို၏။ ငါတို့ ကား မိခင်အပေါ် အခွင့်အရေးယူ ပို၏။ အမေ့ကိုယ်ပေါ် ညညအိပ်ရာထဲ အိပ်သော် ခြေတင်လျက်က အိပ်လေ့ရှိ၏ ။ သေးပါသော် အမေကား ရှုစတည်း။ 

သို့တိုင်အောင်လည်း အမေကား ငါတို့ကို ပွေ့ဖက်လျက်ကသာ အိပ်လေ့ရှိ၏။ 

မအိပ်မီ “သမီးလည်း ဘယ်လင်နောက်လိုက်လိုက်၊ , သားတွေလည်း ဘယ်မယားနဲ့နေနေ အမေက တော့ ဒီသားနဲ့ပဲ တစ်သက်လုံးနေသွားမယ်” ဟူ၍ လည်း ကြုံဝါး သေး၏။ ဤမျှသံယောဇဉ်ကြီးမား သောအမေ၊ ရှစ်နှစ်သား ကျောင်းပြောင်းအိပ်ကတည်းက ကွဲခဲ့ရချေပြီ။  

နောက်တစ်ခုမှာကား တစ်ခုသော ကဆုန် လပြည့်နေ့ နံနက်ကဖြစ်၏။ ထိုနေ့သည် နံနက် အရုဏ်ဆွမ်းစားပြီးကတည်းက ညနေတိုင် ငါတို့ ဆရာဘုန်းကြီးသည် တုန်ကန်ဘုရား(ဆရာဘုန်းကြီး ဦးဆောင်မွမ်းမံထားသော ) သို့ကြွရောက်၍ရေသွန်း ပွဲ ကျင်းပလေ့ရှိရာ ဘုန်းကြီးမရှိ အပျော်တံခွန်ထူရန် ငါတို့ ကား ရွာမှနေ၍ ထိုနံနက်လင်းကိုသာ မျှော် လင့် တမ်းတလျက်ကအိပ်ခဲ့ချေ၏။ သန်းခေါင် မကျော်မီ နိုးလာချေ၏။ ထအကြည့် လ၏အလင်း ရောင်ကြောင့်လင်းပြီထင်ကာ တာငါးရာ(အတောင် နှစ်ထောင် တစ်မိုင်ကျော်)မျှ ရွာနှင့်ဝေးကွာရာ ကျောင်းသို့တစ်ယောက်ထည်း သွားချေတော့၏။  လမ်း၌ ကောင်းကင်ရှိ လနှင့်အပြေးပြိုင်၏။ လ, ကား ငါတို့ပြေး သော် အပြေးပါလာတတ်ပြီး ငါတို့ရပ် သော် မသိကျိုးကျွံ လုပ်နေတတ်၏။ 

ကြာသော်စိတ်မရှည်သဖြင့် သူ့ ထက် အလျင်ကွာ” ကြိမ်းဝါးကာ တစ်ချီတည်းပြေးချေ တော့ရာ  ကျောင်းသို့ ဆယ်မိနစ်မျှအတွင်းရောက်သွားချေ တော့၏။ 

လမင်းလည်း ငါတို့ပြေးသလောက်ပင် ထက်ချပ်မကွာပါလာရာ ကျောင်းအနောက်ဘက်၌သာနေပြီတည်း။ 

ကျောင်းသို့မျှော်ကြည့်၏။ တိတ်ဆိတ်လွန်း လှ၏။ ငြိမ်သက်လွန်းလှ၏။ မဝင်ရဲသဖြင့် ကျောင်း ပေါက်ဝရှိ မန်ကျည်းပင်ကြီးများနှင့် ခြုံနွယ်ကြီးများ အကြား မန်ကျည်းပင်ကြီးကို ကျောမှီလျက်က အိပ် မောကျသွားချေရာ တစ်ရေးနိုးမှ အရုဏ်ဆွမ်းကပ် ရန် ရွာသို့ဆွမ်းအိုး များသွားယူမည့် ကျောင်းသား ကြီးကံလှနှင့်တင်မောင်တို့ ထွက်အလာကို တွေ့ရချေ၏ ။  သို့နှင့် ၄င်းတို့နှင့်ရွာသို့တစ်ဖန် ပြန်လိုက်ကာ ဆွမ်းဝတ်ကောက်ပြီးမှ ၄င်းတို့နှင့်အတူ ကျောင်းသို့ဝင်ရောက်ခဲ့ရချေ တော့၏။ 

ငါတို့ ကိုးနှစ်သားမျှ ရောက်သောအခါ ထို အခွင့်အရေးမျိုး မရတော့ ပြီ ။ အဘယ်ကြောင့်ဆို ငါတို့သည် ဆရာဘုန်းကြီးနှင့် အတူကပ်လျှက်က ဒုမင်္ဂလ,သုမင်္ဂလပွဲများသို့ လိုက်ပါနေရသောကြောင့် လည်းကောင်း ဆယ်နှစ်သားမျှတွင်ကား ခန်းနေ တပည့်ကြီး ဦးအာစရရောက်ရှိ လာသော ကြောင့် လည်းကောင်း တည်း။

မဟာဗောဓိမြိုင် ဆရာတော်ကြီး၏ ကိုယ်တိုင်ရေး အတ္တုပတ္တိ

အပိုင်း(၅)

   "အပျော်သည် တဏှာ၏ လက်စလက်န "

-အပျော်သည် အပျက်၏ စင်ထွက် အပိုင်းအစ

- အပျက်သည်ကား ရမ္မက်၏လက်ချက်ကြောင့် ထွက်ရသောအသက်။ 

လူတစ်ယောက်သည် အပျော်ကြီးသည် ဆိုအံ့။ ထိုသူ့ကို လေ့လာကြည့်သော် တဏှာကြီး သမားသာဖြစ်ရာ၏။ လူတစ်ယောက်သည် တဏှာကြီးသည် ဆိုအံ့ ။ ထိုသူ့ကို လေ့လာကြည့်ကလည်း အပျော် ကြိုက်သည်ကိုသာတွေ့ရ၏ ။ အပျော်ကြူးနှင့် အမှူးပျက်သည် တစ်မအေ တည်းကမွေးသော အမွှာပူးညီအစ်မသာတည်း။ 

ငါတို့၏တဏှာစိတ် 
    ငါးနှစ်သားဘဝကပင် ရွယ်တူမိန်းကလေးလည်းမနေရ ။ ယောက်ျားလေး များလည်းမနေရ။ နေ့ညမဟူ လင်လုပ်တမ်း မယား လုပ်တမ်း ကစားခဲ့ဖူးသည်ကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ခဲ့၏။ ယခု  သော်ကား စိတ်နောက်ကိုယ်ပါပင် ဖြစ်လာခဲ့ရချေပြီ။ ငါတို့အရွယ် ကိုးနှစ်သားလောက်ကပင်  စတင်ခဲ့သည်ထင်မိ၏။(သည့်ထက်ကား နောက်မကျ) ရှစ်နှစ်သား လောက်ကစတင်၍ ကျောင်းအိပ် ကျောင်းပျော် ဖြစ်ခဲ့ ရာ ကျောင်း၌ ကျောင်းသားကြီးများ ရှိနေကြ၏။ အချို့ကား ကျောင်းလည်းမထွက်လိုသေး ၊ သာသနာ ဘောင်သို့ လည်း မကူးလိုသဖြင့် သာမဏေဘဝမှ လူဝတ်လဲကာ ဆယ့်ရှစ်ဆယ့်ကိုးနှစ်သားအထိ နေကြ၏ ။

 ရွာခံ လည်း ရှိ၏။ ရပ်ဝေးမှလည်း ရှိ၏။ ၄င်းတို့သည် ဆရာဘုန်းကြီးနှင့်  တစ်ရံထည်း တစ်ကျောင်းထည်း၊ တစ်မိုး အိပ်ခွင့်မရကြလေရာ သီးခြား ကျောင်းများ၌ အိပ်ကြရချေ၏။ လွတ်လပ်၏။ မျက်ကွယ် ၌ဖဲရိုက်ကစား သည်အထိ စုံလင်၏

 ဤသို့ဖြင့် ကျောင်းနေသက်တမ်း ရှည်လာခဲ့သော ငါသည် ဆယ်နှစ် သားကျော်ကျော် မှ ဆယ့် တစ်နှစ်သားအတွင်းပိုင်းသို့ ရောက်သောအခါတွင် ကား နောက်ဘဝ၏အမူအကျင့်များ ခန်းခြောက်လာ ခြင်း၊ လူလားမြောက်လာပြီး လက်ရှိဘဝ စိတ်တန်ခိုး စိတ်သတ္တိနှင့်တကွ ကံရှိန်များထကြွလာခြင်း၊ ဆရာ လက်ပြောင်းစ ဖြစ်သဖြင့် အသားမကျခြင်းများ ကြောင့် ကျောင်းနေငြီးငွေ့စ ပြုလာချေ တော့၏။

ထိုစဉ် တန်ဆောင်မုန်းလပြည့်   ကျော် ၂ ရက် နေ့သည်ကား တု န်ကန် ဘု ရားပွဲတော် ကြီးကို ဂေါစရဂါမ်ခုနစ်ရွာ စုပေါင်းကျင်းပမြဲ အတိုင်း ကျင်းပကြလေရာ ဘုရားပွဲကား တောအလိုက် စည်ကားလှချေ၏။ တစ်ရွာနှင့်တစ်ရွာ အပြိုင်အဆိုင် ဇာတ်ထုပ်ဇာတ်လမ်းများ ဝေဝေဆာဆာ အတီးအမှုတ်အကအခုန်များလည်း ပါ၏ ။

ငါတို့ရွာကခင်းသော ဇာတ်ထုပ်မှာ သားက ဖအေကို မြားဖြင့်ပစ်သော သီဟဗာဟု ဇာတ်လမ်းပင် ဖြစ်ချေ၏ ။ ခြင်္သေ့ မင်းကား ဦးကိုကြီးက သရုပ်ဆောင် မျှားပစ်သားကား ကိုချစ်မောင်။ ။ 

ကြည့်ရင်းကပင် ငှက်ဖျားရောဂါထလာပြီး တုန်တက်လောက်အောင် ချမ်းဖျားဖျားလာသဖြင့် ကျောင်းသို့ပြန်မလိုက်နိုင်တော့ဘဲ မိခင်များ လှည်း ဖြင့်ပင် အိမ်ရောက်ခဲ့ရချေပြီ။  ထိုမှ တစ်ဆောင်းတွင်းလုံး ရွာထဲဝယ်  ဆော့ကစားလိုက် အဖျားတက် လိုက်ဖြင့် အချိန်ကုန်လွန်ခဲ့ရချေ၏။ နွေဦးသို့ ရောက် သဖြင့် ကျန်းမာလာသော်လည်းကျောင်းဘက်သို့ လှည့်ရန် စိတ်မပါပြီ ။ 

ထိုနွေကာလ  (၁၃၁၄-ခုနှစ်၊ ငါတို့တစ်ဆယ့် တစ်နှစ်သားအတွင်း)၌ပင် ငါတို့ဆရာဘုန်းကြီးကား အလည်ရွှဲရွာ၏ သိမ်သမုတ်ပွဲသို့ အရွယ်တော်နှင့်မမျှ သိမ်နှုပ်ခြင်းကိစ္စ၊ သိမ်သမုတ်ခြင်း ကိစ္စရွက်  ဆောင် တော်မူရသဖြင့် အအေးမိခြင်း၊ ပင်ပန်းခြင်း ရှိနေချေရာ ထိုအလည်ရှိရွာမှ ကျီ ကျင်းရွာ၏ တောခိုရဲဘော် ဗိုလ်ကြယ်နီ-ဒေါ်မြမေတို့ဆွမ်းကျွေး ပွဲသို့ တဆက်တည်းကူးတော်မူခဲ့ပြီး ထိုဆွမ်းကျွေးပွဲ၏ ဝက်သားဆွမ်းဟင်းများ လက်ခံဘုန်းပေးတော် မူရချေ၏။    နွေဖြစ်သဖြင့် ဝမ်း အေး၍ အစာမကျေ ခြင်းရောဂါ၊ ပင်ပန်း ရောဂါများ ဖိစီးခံရပြီး ထို ရောဂါဖြင့်ပင် ဘဝနတ်ထံ ပျံလွန်တော်မူရရှာပါ ချေ၏။ ငါတို့က ဆရာဘုန်းကြီးအား ရှင်ခွဲ ခွဲသဖြင့် ဆရာဘုန်းကြီးကလည်း ငါတို့ကို သေခွဲ ခွဲသွားခဲ့ချေပြီ။ 

"အစွဲကြီးလျက် သူရဲဘောနည်းသာ ငါ"

- ငါတို့သည်ကား နှိမ်သူကိုမုန်း၍ မြှောက်သူကြိုက်၏။

- ငါတို့သည်ကား သူရဲဘောနည်းပြီး အစွဲကား ကြီးလှချေ၏။

ဤအကြောင်းခြင်းတများသည် စ ကျောင်းနေ မှသည် ယခုတိုင် အမြစ်စွဲလျက် ပါရှိလာသော ဉာဉ်ဆိုးများ ဖြစ်ကြလေသဖြင့် ဤနေရာမှ ဖော်ပြ လျှင် သင့်မည်ထင်သောကြောင့် တစ်ခန်းတစ်ဖွဲ့  ဖော်ပြလိုချေ၏။ 

   ငါတို့သွားလမ်းတလျှောက်ရှိ လှမ်းဖဝါး၏ ခြေရာသည် အသိပေးသင့်သော ထင်ကျန်မှုများဟူ၍ သဘော ရသောကြောင့်ပင် ဖြစ်ချေ၏ ။ 

   ငါတို့သည်ကား ဓာတ်လေးပါးတို့၏ အစု အဝေး ဖြစ်သော်လည်း စင်စစ် လေဆောင်သော ဝါယောဓိကသမားများ ဖြစ်ချေရကား စိတ်မြန်၏။
   အမြဲတမ်း အပူဓာတ်များချည်း ကိန်းနေ သဖြင့်အအေးကိုအလွန်နှစ်သက်၏။ 
     အင်္ဂါသားဖြစ်သဖြင့်လည်း စိတ်ကြီး၏ ။ သို့သော် တေဇောဓိကခေါ် မီးဓါတ်ကောင်များ မဟုတ်လေသဖြင့် သူရသတ္တိကား တစ်ပြားသားမျှ မရှိတတ်ချေ။
    ရန်စသူ တွေ့က ငိုရသည်ချည်းဖြစ်ခဲ့၏။ နှိမ့်ချစကားပြောလျှင် ဝမ်းနည်းတတ်၏။ မြှောက်ပင့် သော်ကား ဘယ်လောက်မြှောက်မြှောက် အားရသည် မရှိခဲ့ချေ။

တစ်ခါက ကျောင်းနေခါစ ) ကျောင်းအပြန် ကျောင်းမှထွက်၍  တစ်ခေါ် သာသာလောက် အရောက် ကြည်မောင်နှင့်ငါတို့ ရန်ဖြစ်ကြတော့၏ ။ ဘေးမှ ငါတို့ထက်ကြီးသော ကိုချစ်ရင်ကား နပန်းချရန် မြှောက်ပင့်ပေး၏ ။ သို့နှင့် ကြည်မောင်နှင့် ငါတို့ နပန်းကိုင်လျက်က လုံးထွေးကြချေရာ ငါတို့ကား
အပေါ်စီးမှကျ၏။ ကြည်မောင်ကား ငါတို့ အောက် ဝယ် မလွန့်သာ။

သို့တစေလည်း ကိုချစ်ရင်ကား ကြည်မောင် ကိုသာ အားပေးပြီး ငါတို့ကိုကား အားမပေးချေပြီ။ ငါတို့သည် ထိုကြည်မောင်၏အပေါ်မှ ခွစီးလျက်က ပင် ငိုရသည့်ဖြစ်ခြင်း။ 

   ငါတို့တန်းတူထဲတွင် အကြောက်ရဆုံးကား ကျော်ငြိမ်းတည်း။ သူ့ထက်အကြီးကျော်သိန်း၊ သူ့ အောက်၌ သန်းဖေ  ၊ လှရွှေတို့ဖြင့် ညီအစ်ကိုအုပ်စု အတောင့်ဆုံးဖြစ်နေ၏။ ဝမ်းကွဲတင်ရွှေလည်း အတူ ရှိနေသဖြင့် ငါးယောက်အထိ အုပ်စု တောင့်၏ ။ ငါတို့သည်ကား အစ်ကိုဖြစ်သူ ဖိုးသန်း(သန်းမောင် ကိုရင်ဘွဲ့ ကိုရင်သာသန)က လူထွက်သွားပြီဖြစ်၍ ငါတို့တစ်ယောက်ထည်း မျက်နှာငယ်လျက်ကျန်နေ ရစ်ခဲ့၏ ။

ထိုညီနောင်လေးယောက်တို့တွင် ကျော်သိန်း ကား ရိုးသား၏။ တည်ငြိမ်၏။ မည်သူ့ကိုမျှ ရန်မစ ။ ကျော်ငြိမ်းကား တတ် သူ့အစ်ကိုနှင့် သဘောထား ဖီလာဖြစ်ကာ အတုအစများ၏ ။သဝန် ကြောင် ရန်လိုစိတ် အားကြီး၏  ။ မဖြစ်ညစ်ကျယ် လုပ်တတ်၏ ။ ငါတို့အား ဆရာဘုန်းကြီးက အရေးပေးသည်ကို မလိုလားချေ။ သို့ကြောင့် 
     “ဘုန်းကြီးချစ်တော် ဒစ်ပေါ် ချော်လဲ  ငါးကြော်ကိုးခွက် ဖင်ကိုးချက်ပေါ့ "
      ထိုဆောင်ပုဒ်ဖြင့် အမြဲတမ်း ရန်စချေ၏။ ဆရာဘုန်းကြီးလည်းကြား၏။ ငါတို့ကား မခံနိုင်သဖြင့် ရင်ဆိုင်အတွေ့ တွင် ၄င်း၏ သားမြတ်ကို ငုံ့ကိုက်ချေ တော့၏။ ကျော်ငြိမ်းကား ဆတ်ဆတ်လူး ငိုကာ “မင်း ကလဲ့စားမချေရသမျှ ငါမကျေဘူး” ဟူ၍ ကြုံးဝါးချေတော့၏။ ကျော်ငြိမ်းကား ငါတို့အောက် သုံးနှစ်လောက် ငယ်သူဖြစ်၏။

သို့တစေလည်း ထိုကျော်ငြိမ်းကို အမြဲတမ်း ထိတ်လန့်နေတော့သဖြင့် အိမ်ရောက်ရောက်ချင်း သူ့အိမ်ခြံပေါက်သို့သွားရောက်၍ ငါတို့ကပင် ခေါ်ငင် ကာ ကလဲ့စားချေခံပေးရချေ တော့၏။ ထို့နောက် လည်း တကျက်ကျက်ပင် ရှိနေခဲ့၏။ ငါတို့က ၄င်းကိုနိုင်ရန် ဆင်ကြံကြံ၏။ တစ်ယောက်ထဲလည်း ကြောက်၏။ ပြန်လည်နိုင်နင်းလိုစိတ်ကလည်း အားကြီး၏ ။ သို့ ကြောင့် အတူနေအုန်းမောင်ကြီး၊ဖိုးကြွက် (အမည်ရင်းကား-တင်မြင့်) စသည့် ကျောင်းသားငယ်များကို စည်းရုံး၏။ ကျော်ငြိမ်း မကောင်းကြောင်း တွင်တွင်ပြောပေး၏   ။ ကြာသော် အားလုံးက ကျော်ငြိမ်းအပေါ် မုန်းတီးလာကြ၏ ။

   သို့နှင့် ငါတို့ဆယ်နှစ်သားအရွယ် တစ်ညနေ တွင် ရေထမ်းဝတ် ၊ ရေဖြည့်ဝတ် စတင်ချိန်မှသည် ကျောင်းမှအိမ်သို့အပြန် တစ်လမ်း လုံး ကျောင်းသား ကြီးငယ်အုပ်စုကြီးဖြင့် ထိုညီနောင်လေးယောက် (ဝမ်းကွဲပါငါးယောက် )စလုံးကို ဝိုင်းဝန်းကာ ထိုးကြိတ် သူများက ထိုးကြိတ်၍ လည်းကောင်း၊ ရိုက်နှက်သူ များကရိုက်နှက်၍လည်းကောင်း၊ ကိုယ်စောင်းတိုက် လိုတိုက်၊ နောက်ကျောခြေထောက်ဖြင့်ကန်လိုကန် ၍လည်းကောင်း အနိုင်ကျင့်ကြလေကုန်၏။ 
    သဘောကောင်း ကျော်သိန်းကြီးနှင့်တကွ ညီနောင်အားလုံး ကြုံ့၍ ကြုံ့၍ ခမျာများ ခံရှာကြရ ချေကုန်၏။ မကြာပါချေ။ ချက်ချင်းပင် ရွာရောက် သည်နှင့်သူ့အဘ၊ သူ့အဘိုးများသိရှိပြီး လာလျှောက်ချေရာ ကျောင်းသို့ နောက်ရက်နံက်တွင် ဒုတိယ ဆရာဘုန်းကြီးက ငါတို့ရယ် ၊ အုန်းမောင်ကြီးရယ် ဖိုးကြွက်ရယ် ခေါင်းဆောင်သုံးယောက်တို့ အား ကျောကော့အောင်ရိုက်နှက်ချေတော့၏။ တို့ညီအစ်ကို ၊ အားလုံးတို့ကား အစသန်သောကျော်ငြိမ်း အကြောင်းပြု၍ ကျောင်းထုတ်ခံရချေတော့၏။
      ငါတို့တစ်သက်လုံး ရန်ပွဲဟူ၍ သည်တစ်ကြိမ် သာ ဖြစ်ခဲ့ဖူးချေ၏။ ထို့နောက်လည်း ရန်စသူ ပေါ် သော်လည်း မဖြစ်ရဲတော့ချေ။ ဆရာဘုန်းကြီး ကြား
လောက်အောင် အော်ဟစ်ရမည်ကိုကြောက်ရွံ့ပင် နေတတ်၏။ စာပေပညာဘက်  တော်သလောက် စိတ်ဓါတ်ခိုင်မာခြင်း၊ လုပ်ရဲသည် ခံရဲသည်ဟူသော သတ္တိသွေးထက်ခြင်းများ ငါတို့ထံ၌ လုံးဝမရှိခဲ့ ။ 

    စာပေပညာ၌ သင်ပုန်းကြီး တစ်နှစ်အတွင်း တစ်ခေါက်တည်းဖြင့် စာဖတ်ပြနိုင်ခြင်း၊ ဆုံးမစာ လက်ရေးစာ,ဖတ်စာများကို တစ်နှစ်အတွင်း၌ပင် သင်ရိုးကုန်ခြင်းဖြင့် အစွမ်းပြခဲ့၏။ အများနည်းတူ အတွင်း အောင်ခြင်း၊ ရတနာ အောင်ခြင်း၊ အပြင် ရွှေချိုင့် နမက္ကာရ စသည့်အခြေခံကျမ်းစာ သင်ရိုးများ ငါတို့မသင်ခဲ့ရ။ ထို့အထက်ရှိ လောကနီတိ၊ ပရိတ် ကြီးတို့ကို ခုန်ကူးစေကာ ၄င်းတို့ကိုလည်း တတိယ နှစ်- ကိုးနှစ်သားကပင် ပရိတ်ကြီး (၁၁ )သုတ်အလွတ်ရပြီး ဖြစ်နေခဲ့၏။ 
  မှတ်မိသေး တော့သည် 
       တစ်ခါက ငါတို့အထက် အကြီးအကဲများ ဖြစ်ကြလေသော ကိုအုန်းလှိုင်၊ ကိုတင်အောင် (အင်္ကျီလက်ရွာသား) ကိုရင်သာသန စသည်တို့ (ငါတို့အစ်ကို) ကျောင်းထွက်သွားကြလေပြီ။ အလတ် တန်းများဖြစ်ကြလေသော ကိုကံလှ၊ ကိုမြအောင် ကိုဘသာ(မင်းကုန်းရွာသား) လောင်(အမည်ရင်းထွန်းတင် ၊ကိုဘဌေး၊ ၊ ကိုထောင် ၊ အင်္ကျီလက်ရွာသား) စသည်တို့ချည်း ကျန်နေရစ်ခဲ့ချေရာ ညညကျသော် ဘုရားဝတ်တက်အပြီး ပရိတ်ကြီး (၁၁ )သုတ်လုံးကို ရွတ်ဆိုရမည်ဖြစ်ရာ မည်သူမျှ လုံးစေ့ပါဌ်စေ့ မရ ကြပြီ ။

သို့ ကြောင့် ဘုရားဝတ်မတက်မီကပင် ကိုးနှစ်သားမျှရှိသေး သော ငါတို့အား ထိုပရိတ်ရွတ် ရာ၌ ခေါင်းဆောင်တင်ကြရလေကုန်၏။ ငါတို့က ရှေ့မှ ကျယ်ကျယ်ရွတ်ဆိုပေးပြီး ၄င်းတို့က နောက်မှ မှေး၍ ထိန်းလိုက်ရန်ဖြစ်၏ ။ သည်မျှမှတ်ဉာဏ် ကောင်းသော ငါတို့ကား သတ္တိအရာ၌ ကံခေလှချေ၏။ စိတ်ကြီးသလောက် အသည်း ကြောင်၏။အညာမိုးကဲ့သို့ အခြိမ်းသန်လျက် ရေကျနည်းလေ့ရှိတတ်၏။ အသည်းကြောင်မှ  ထိုစိတ်ကြီး သီးပွင့်လာသောအရာကား စိတ်ကောက်တတ်ခြင်း၊ အငြိုးအတေး များလာတတ်ခြင်းပင် တည်း။ ။ 

""ဒုတိယ ဆရာ့လက် တက်ခွင့်ရခြင်း""

      ငါတို့ ကျောင်းနေသက် လေးနှစ်အရ တစ်ဆယ့်တစ်နှစ်သားမျှတွင် ငါတို့၏ ပထမဆရာ ကား ပျံလွန်တော်မူခဲ့ချေပြီ။ ထိုပျံ တော်မူချိန်အထိ လည်း ငါတို့ကား ကျောင်းမကပ်ခဲ့ပြီ။

 ဆရာဘုန်းကြီး နိဗ္ဗာန် ကျောင်းချ ခေါ် စံကျောင်းတော်တင်ပွဲ၏ နောက်ပိုင်းမှာမှ ကျောင်းသို့ ကပ်လိုစိတ်ပေါ်မိ၏။ ဆရာပျံလွန်တော်မူသဖြင့် တစ်နယ်လုံးရှိ ရဟန်းတပည့် ၊ လူတပည့်၊ ရှင်တပည့် အားလုံးတို့က ငါတို့ကား အမိမဲ့သား ရေနည်းငါး ဖြစ်ကြရပြီဟူ၍ တညီတညွတ်တည်းဖြစ်ခဲ့ကြ၏။ ငါတို့ကား ပတ္တမြားငမောက် မျောက်ကောက်ရပမာ ထိုစိတ်မျိုးမဖြစ်မိ။ ဖြစ်မိသည်မှာ ဆရာအဆူအငေါက် မခံရတော့သဖြင့် ပျော်မိခြင်းပင်။ 

 နောက်နှစ် ၁၃၁၅-ခုနှစ်၌ တစ်နယ်လုံး ခြိမ့်ခြိမ့်သဲမျှ ဈာပနပူဇော်ပွဲ တပေါင်းလထဲတွင် ကျင်းပကြလေရာ ငါတို့ကား မိုးမမြင် လေမမြင် အပျော်ကြူးကြရချေ၏။ မည်သည့်အခါမျှ မမြင်ဘူး ရသော ဇာတ်ပွဲကြီးများလည်းပါ၏။ ပွဲဈေးတန်းကြီး ကလည်း မြို့ကပါ လာရောက်ရောင်းချကြ၏။ဗမာမျှ မက အိန္ဒိယနွယ်ဖွားများကပါ လာရောက် ရောင်းချ ကြကုန်၏။ အငြိမ့်, ရုပ်သေးလည်းပါသေး၏၊

 ဧည့်ခံမဏ္ဍပ်များကလည်း တစ်နယ်လုံးရှိ တပည့်ရဟန်းများရှိရာ ရွာတိုင်းကပင်ပါဝင်၏။အသံ ချဲ့စက် ပထမဆုံးကြားဖူးသောပွဲဖြစ်၏။ မီးသီး  လျှပ်စစ် ၊ မီးချောင်း ထိန်ထိန်ကြီးကိုလည်း လက်ဦးမြင်ဖူး
သောပွဲလည်းဖြစ်၏။ နှစ်ရက်မျှ ခြိမ့်ခြိမ့်သဲ ဖြစ်ခဲ့ရချေ၏။

ထိုမှနောက်တွင်ကား ဒုတိယဆရာဦးအာစရ လက်ထဲသို့ ရောက်ခဲ့ရတော့၏ ။ ထိုဆရာထံ၌လည်း ငါတို့ သည်ပင် သွားလေရာအပါး တော်မြဲ ဖြစ်ရပြန် ၏။ ဆရာဘုန်းကြီး အရေးပေးဆုံးဖြစ်ပြီး ကျောင်းသားကြီးရာထူး  ကျောင်းခေါင်းဆောင်ပင် ဖြစ်ခဲ့ရချေ၏။ 

ငါတို့၏ရှေ့ရှိ ကိုငြိမ်း(ကိုရင်ဇဝန) ကိုဇော်ဂျီ (ကိုရင်ကုသလ )တို့ကား ဆရာဘုန်းကြီးက ရွှေဘိုမြို့၊ ဝေဠုဝန်ပါဠိတက္ကသိုလ်သို့ ပညာသင်စေလွှတ်သဖြင့် သွားရောက်ကြလေ သောကြောင့်ဖြစ်၏။ ဆရာဘုန်းကြီးကား နှုတ်မှုပညာနည်းပါး ပြီး လက်မှုပညာ အရာထင်၏။ နှုတ်မှုပညာ၌ ,သီလပေး ရေစက်ချ ရိုးရိုးပင်မဖြောင့်တတ်  ။ တရားဘက်၌အားသန်တော်မူ၏။ ရွာရှိ ဒကာ-ကာမများ ကို တရားပြပေးတတ်၏။ 

ငါတို့ကိုကား ဦးစွာပရိတ်ကြီးသို့ ပြန်လည် သင်စေ၏။ ထိုတွင်မေတ္တာသုတ်၏နိဂုံးဖြစ်သော တိဋ္ဌိ စရံ နိသိန္နာ, သယာနော ယာဝတာ ဿ ဝိတမိဒ္ဓေါ (ပ)ပုနာရေတိ, ဂါထာအနက် ရောက်သောအခါတွင်ကား သုံးရက်မျှ ကြာညောင်းခဲ့ရချေ၏။ 

တစ်ရက် သွားရောက်၍ပြန်ဆို၏။ “အေး- အလွန်ကောင်းတဲ့ အဓိပ္ပါယ်ကွာ၊ ရှေ့မတက်နဲ့ဦး၊ ဒါပဲ ဆက်ကျက်ဟေ့” 

နောက်တစ်ရက် သွားရောက်ပြန်ဆိုရာ၌ လည်း “ဒါ.. ရဟန်းတစ်ပါး တစ်ကယ်လုပ်ရမယ် ကိစ္စပဲ ကွာ၊ ရှေ့မတက်နဲ့ဦး ဒါကိုမိမိရရ ဆက်ကျက်ထားဦး” 

တတိယမြောက်ရက်၌ သွားရောက်ပြန်ဆိုသောအခါကျမှသာ

 “ရဟန်းဆိုတာ တစ်ဘဝစံ တစ်လမ်းသွားမျိုးကွာ။ လူတွေလို အထက်တက်လိုက် အောက် ဆင်းလိုက်မျိုး မဖြစ်ရဘူး။ နိဗ္ဗာန်တစ်လမ်းတည်း တန်းတန်းသွားရတယ် ။ လူတွေလိုတစ်ဘဝမှ တစ်ဘဝ မရွှေ့ပြောင်းနေ ရဘူး။ သည်တစ်ဘဝတည်းနဲ့ ကိစ္စပြီး ဘုရားစကား နားထောင် ဆောင်ရွက်ရ တယ် ။ မင်း. . အဲသည်ဂါထာပါ အဓိပ္ပါယ်အတိုင်း လေ့ကျင့်တတ်ဖို့ကြိုးစား”  ဟူ၍ ဆုံးမကာ ရှေ့တိုးခွင့်ရခဲ့၏။

အဓိပ္ပါယ်မှာ- ရပ်လျက်နေနေ ၊ သွားလျက် ပဲဖြစ်ဖြစ်၊ လဲလျောင်းလျက်ပဲဖြစ်ဖြစ်၊ အိပ်ပျော်ငိုက် မြည်းခြင်း အထူးကင်းစင်သော ရှုမှတ်မှုသတိမျိုးကို တည်ဆောက်ရမည် ။

  ဤသို့ဣရိယာပုထ်လေးပါး အကြားအလပ် မရှိ တစ်စပ်ထည်းတည်း သတိကိုတည်ထောင်လျက် က နေနိုင်ခြင်းသည် ရှုံးကြွေးမထပ် အမြတ်ပေါ် သော  နေနည်း တည်း။ 

 အဘယ်ကြောင့်ဆိုသော် ထိုသို့သတိမပြတ် စပ်နေသောသူ၌ ငါဆိုသောဒိဠိ မကပ်သာခြင်း၊ ကိုယ်အကျင့်စင်ကြယ်ခြင်း၊ စိတ်အမြင်မှန်ကန်ခြင်း၊ ကြိုက်စိတ်ကြိုက်စွဲမကပ်သာခြင်း၊ အမိဝမ်းခေါင်း အောင်းမျိုး မဖြစ်ရတော့ခြင်းများ ကြောင့်ပင်တည်း

ထိုပရိတ်ကြီး ပါဠိ-အနက် ခြောက်လမျှ ကြာသည်အထိ သင်ပေးပြီး၍ စာသွားမှန်း သိလာ သောအခါတွင် ဦးစွာ သဂြိုဟ်ပါဠိကိုသင်စေ၏။ သဂြိုဟ် စိတ်ပိုင်းသည်ကား တစ်ဆယ့်နှစ်နှစ်သား ကပင် ရခဲ့ပြီးဖြစ်ချေ တော့၏။ စေတသိက်ပိုင်း အထိ တက်ခဲ့  ရ၏။ 

ငါတို့ တစ်ဆယ့်သုံးနှစ်သားသို့ ရောက်သောအခါတွင် သဒ္ဒါကြီးဘက် လှည့်ပေး ပြန်၏။ သဒ္ဒါ၏ သန္တိငါးပိုင်းရှိ ပါဠိတို့ကို သင်အံ လေ့ကျက်နေရချေ၏။

  ""တစ်နယ်လုံး အူသံ လျှံတက်လာ ခြင်း ""

    ၊ ငါတို့ တစ်ဆယ့်သုံးနှစ်သား ၁၃၁၆-ခုနှစ် လောက်တွင်ကား  ဝေဘူဆရာတော်ဘုရားကြီး၏ သီလဂုဏ်သတင်း တစ်နယ်လုံးသို့ပျံ့နှံ့လာချေတော့၏။

“ဝေဘူတောင်မှာကျင့်နေတာ တင်ပါး ခြများတောင် စားလို့တဲ့”

 “သူ့လက်တော်မှာ စပါးကြီးမြွေ မျိုနေတာ တောင် မလှုပ်မယှက်တဲ့” စသည့် သတင်းများ လူတိုင်းပြောလာကြ၏  ။ ဥပုသ်သည်ဇရပ်၌ သာ၍ အသံကျယ်၏။

ထိုစဉ် ငါတို့စိတ်ဝယ် ‘ဝေဘူလို ကျင့်ချင် လိုက်တာ” ဟူ၍ တမ်းတမိခဲ့ပါချေ၏။ သည်အထဲငါတို့ရွာနှင့်မနီးမဝေး ရေရှင်ဆိုသောရွာ၌ “မောင်နွား   ဆိုသူသည် တရားကျင့်လျက်က လမ်းလျှောက်ရာ သူ့နဖူးမှ အလင်းရောင်တန်းကြီး လက်နှိပ်ဓာတ်မီး ဖြင့် ထိုးထားသည့်ပမာ ထွက်နေသတဲ့” ဟူသော သတင်းကလည်း ထွက်လာသေး၏။ 

ငါတို့စိတ် မခံနိုင်ပြီ “ငါလည်းပဲ သူတို့လို ကျင့် သူတို့လိုပင်ရမှာပဲ ။ ” ဟူသော အားကျမခံစိတ် ၊ မျှော်လင့်တမ်းတစိတ်များ တဖွားဖွားပေါ်လာချေ တော့၏။

သို့ဖြင့် ပထမ ဥပုသ်နေ့တိုင်း ဥပုသ်သည် ဒကာကြီးများနှင့်အတူ သိမ်ထဲဝယ် သွားရောက်၍ တရားရှုမှတ်ကြည့်၏။ မှတ်နည်းလည်းမသိ အာရုံမှန် ဖေါ်နည်းလည်းမသိ ၊  ၊ လူကြီးများ မေးကြည့်၏။ မျက်စိမှိတ်ထားရသည်။ နှာသီးဝသို့လာရောက် တိုက်ခိုက်နေကြသော ဝင်လေထွက်လေတို့ကို မှတ်ချက်ယူရသည်  ။ သည် မျှသာသိ၏ ။ သို့ကြောင့် 

ဝင်သည် - ဘယ်ကများဘာများပေါ်လာ  ပါလိမ့်မလဲ ။

ထွက်သည်- ဘယ်ကများ ဘယ်လိုလာပြလေမလဲ ။ 

တရားဆိုသည်မှာ တစ်မျိုးထင်မိ၏။
ထိုတစ်မျိုးက အလုပ်သမားတို့အား အလုပ်ရှင်က လုပ်ခပေးမျိုးပမာ လာရောက်ပေးမည်ဟုလည်း အထင်ရှိ၏ ။ သို့ ကြောင့်မျက်စိမှိတ်လျက်က စိတ် မျက်စိဖြင့် ဟိုဟိုသည်သည် မျှော်ကြည့် ကြည့်လျက် ကသာ ဝင်-ဝင်သည် ၊ ထွက်-ထွက်သည် ဟူ၍ မှတ်နေခဲ့၏။ 

သို့တစေလည်း နို့ဆာသောခလေး နို့လိမ်  ကို နို့အမှတ်ဖြင့် စို့နေရသည်ပင် ဝသည်ဟုထင်မိသို့ ထိုမျှော်မှတ်,တစ်မျိုးထင် ကိုပင် ခင်မင်လျက် ရှိခဲ့ချေ၏ ,  ။ ကြာသော်အားမရတော့ ။နေ့၌စာကျက် ညစာပြန်၊ ပြီးသော် တရားထိုင်ချေ   တော့၏။ ရှစ်ပါး သီလကို အမြဲထိမ်းတော့၏။ ခေါင်းပေါ်ရှိ ဆံရစ် ဆံထုံးများကိုလည်း ရိတ်ပယ်၍ ကတုံးဖြင့်သာ နေ တော့၏။

ဥပုသ်နေ့ (စာမကျက် ရသော )အခါမျိုးများ ၌ ဥပုသ်သည်ဒကာကြီးများနှင့် သိမ်ထဲ ရောနှော ထိုင်ရသည်ကို ကျဉ်းကြပ်သည်ထင်လာပြီး တစ် ယောက်ထည်းတည်း တောရကျောင်းကြီး၏ ပြင်ပရှိ တောစပ်သို့ သွားရောက်ထိုင်မိ၏။ ညည များ၌ လည်း ကျောင်းသားကိုရင်များနှင့် ရောနှောမအိပ် တစ်ယောက်ထည်းတည်းပင် ကျောင်းကြီးအောက် ဝယ် တရားမှတ်လျက်က အိပ်တော့ ၏။ ကြာ သော် စိတ်မနိုင်မည်စိုး၍ ဆရာဘုန်းကြီး က တစ်ယောက်ထည်းတည်း တောသို့ထွက်၍ အားမထုတ်ရန်၊ ညမအိပ်ရန်  ဖျောင်းဖျ၏။ မရပေ။

   ""တဏှနုသယ ၏ ဓမ္မာနုသယ မျှသာ""

 ထိုစဉ်ကာလ ရှိ ငါတို့အာရုံယူစိတ်ထားကား သံသရာကြောက်သဖြင့် လွတ်မြောက်ရန် ရည်ရွယ်ရင်း အလျဉ်းမပါပြီ ။ နိဗိန္ဒဉာဏ်- ဘဝအပေါ် ငြီးငွေ့ သရုပ်သကန်လည်း အမှန်မရှိခဲ့ ။

ငါတို့၏ တစ်ခုတည်းသောဆန္ဒမှာ “ဝေဘူ လို ငါကျင့်ချင်သည်” ဟူသော ဆန္ဒတစ်ခုမျှသာ ။ လူပြောများသည်ကို သဘောကျ ချီးမွမ်းခံလို သည့် ရာဂကြီးသမား၏ အမူအကျင့်တစ်ခုမျှသာ။ စင်စစ် ထိုအမူအကျင့်မျိုးများသည် အတိတ် စရဏမှ ထကြွလှုံ့ဆော်လာသော စရဏလက်ငုတ် သာဖြစ်တန်ရာ၏။ ဝက်သားစားဖူးသူ ဝက်သားဟင်း အကြောင်း တစ်စေ့တစောင်း နားထောင်မိရင်းက ပင် ခံတွင်းချဉ်ကာ ပါးစပ်ပြင်မိခြင်းပမာသာ ဖြစ်တန်ရာ၏။

စရဏကား-ကျင့်ဆောင်ခြင်းကို တာဝန်ခံ ရ၏ ။ 
ဝိဇ္ဇာကား-သိမြင်ခြင်းကိုတာဝန်ခံရ၏။
 စရဏ သန်ပြီး ဝိဇ္ဇာဉာဏ်မပွင့် သော် ကျင့်၏မသိပြီ။ ငါတို့ သည်ကား စရဏပိုင်း၌ ဆစ်ပိုင်းပိုင်းလျက်ကသာ ကျင့်ခဲ့ဘူးဟန်ရှိ၏။ အတိတ်၏ နီး သောအကြောင်းခံ ဖြစ်သောကြောင့်ဤသက်ငယ်ကာလ၌ လာရောက် ၍ အညွန့်တက်နေခြင်းဟု ထင်မိ၏ ။ 

ထိုစရဏ(အကျင့်မျိုး)သည် ဝါရိတ္တ  စာရိတ္တနှစ်မျိုးကွဲရာ ဆောင်ရမည်ဆိုသဖြင့်သာ , ရှောင်ရမည်ဆိုသဖြင့်သာရှောင်ရခြင်း၊ ဆောင်ရခြင်း နှစ်မျိုး စလုံးတို့ပင် ငါတို့သဏ္ဍာန်၌ ငုတ်လျှိုပုန်းကွယ် လျက်က ပါ လာသည်ထင်မိ၏။ ရာဂပိုးထိုးကျင့်မှုကို ငယ်ငယ်ရွယ်ရွယ်နှင့် ခံရသည်ကိုထောက်၍ ပေမှိတ် ရှောင်ကြဉ်ခဲ့သော ဝါရိတ္တသီလ မျှသာ အခြေပါ သည်ကို အတပ်သိနိုင်၏။ တရားကျင့်သံကြားရုံမျှ ဖြင့် မနေနိုင်မထိုင်နိုင်သည်ကိုထောက်၍လည်း အထုံပါရုံဆောင်ခဲ့သော စာရိတ္တသီလမျှသာဖြစ်ကြောင်း ငါတို့  ကောင်းကောင်းကြီးရိပ်မိနေနိုင်၏။

 ထိုငါ ၏ဖြစ်စဉ်ကိုလေ့လာလျှင် တစ်ဖက်ပါးကိုသာ သနပ်ခါးလိမ်းပေး၍ တစ်ဖက် သောပါးကိုကား ဗလာချီထားသည့်ပမာသာရှိချေ၏။ ဖမ်းမိထားသော တောကြက် ၊တောငှက်တစ်ကောင်ကို လည်ဆံမွှေး ကိုသာနှုပ်၍ လည်ဂုတ်မချိုးဘဲ ထားသည်နှင့်လည်း ပမာတူ၏။

ထိုသို့ရှုမှတ်သဖြင့် ယုတ်စွအဆုံး နှာသီး ဖျားနှင့်လေတို့၏ တွေ့ထိစပ်ယှက် ပေါင်းဖက်နေကြ ပုံကိုပင် မမြင်သိခဲ့ချေပြီ။ မျက်စိမှိတ်လျက်က နှာဝ၌ သတိ(မျက်လုံး)မတည် ဟိုဟိုသည်သည် မျှော်မော့ နေသော ငါတို့ အာရုံယူ စိတ်ထားပုံမျိုးကလည်း ကိုယ်တွေ့ခေါ် မိမိ ကြည့်နေသောနေရာ၏ ထိသောသဘာဝကို မြင်သိရန် အလားအလာမရှိ။  ဆရာဖြစ်သူကား ငယ်သေး၏။ ဤ တရား ရှာမှုကိစ္စ လုပ်ဆောင်ရန်အချိန် မဟုတ်သေးဟူ၍ သဘောပိုက်ဟန်ရှိချေ၏။ ငါတို့အား တရား အားထုတ်ပုံ နှင့်ပတ်သက်၍ တစွန်းတစမျှ မဟခဲ့။ ကျက်မှတ်ရမည့် သဒ္ဒါပိုင်းကိုသာ ဖိအားပေးတော် မူ၏။ ငါတို့ သည်ကား ဆရာအားမပေးလည်း လျှော့ခြင်းမရှိခဲ့ပြီ ။

ငါတို့မိခင်ကြီးကား ဆရာ၏လမ်းပြမှုဖြင့် တရားအားထုတ်နေချေ၏။ တရားလမ်းစ,ကား သမာဓိခန်းမှ ပညာခန်းသို့ ကူးဝင်အံ့ဆဲဆဲ ဖြစ်နေ ပြီး၊ တစ်ဖက်၌လည်း နွားအုပ် ။ ကျောင်းရန်လူမရှိ သို့နှင့် အခက်တွေ့နေစဉ် ဆရာဘုန်းကြီး၏အမိန့်ဖြင့် ငါတို့သည် ကျောင်းပေးခဲ့ ကျောင်းမှထွက်၍ နွားဝင် ရသဖြင့် ငါတို့ကား ဘုန်းကြီးကျောင်းသားဘဝမှ နွားကျောင်းသားဘဝ တစ်ကြိမ်ကျခဲ့ရဖူး၏။ တစ်ခါမှာကား မိခင်ကြီး နွား က ခူယား ကျောင်းရင်း ကောင်တို့ကို နင်းမိခဲ့သဖြင့် ခူမွှေးစူးကာ ခြေဖဝါးများ မထောက်နိုင်သည်အထိ ရောဂါဖြစ် နေချေ၏။ ငါတို့သည်ပင် ကျောင်းမှခေတ္တထွက်ခဲ့၍ နွားကျောင်းသား တစ်ကြိမ် ဖြစ်ခဲ့ရဖူး၏။ မိခင်ကြီးနှင့် ပတ်သက်၍ ရှိခဲ့ဖူး၏။ ကျေးဇူးဆပ်ဖူးသည်မှာ ဤနှစ်ကြိမ်သာ
ကျန် အချိန် များကား သာသနာပျော် ပျော်)အဖြစ်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရချေ ကျောင်းသွေး အများဆုံး ပျော်ပိုက်မှုကလည်း ကျောင်းသာလျှင်ဖြစ်ခဲ့၏။ ထိုသို့ ,အပြစ်သိ သော ဝိဇ္ဇာဉာဏ်ကြောင့်ကား မဟုတ်ချေပြီ။

  ငါတို့ တစ်ဆယ့်လေးနှစ်သားသို့ ရောက် သောအခါတွင်ကား တစ်မိုးတွင်းလုံး ကျောင်းနေခွင့် မရခဲ့ပြီ။ အမဖြစ်သူမကြည်   (မစန်းကြည် )ကား ကောက်စိုက်သမအဖွဲ့တွင် ဝင်ရောက်သွားပြီး ကောက်စိုက်သမဘဝ ရောက်ရှိသွားပြီ ဖြစ်သဖြင့် အကိုဖိုးသန်းတစ်ယောက်တည်းဖြင့် ထွန်ယက်ရန် မတွင်ကျယ်ပြီ။ အကြီးဆုံး ကိုအောင်ခကလည်း မိခင်ကြီးနှင့် သဘောချင်းမတည့် ကြလေ၍ ကောလင်း (ချပ်သင်း)မြို့သို့ သွားရောက်ကာ ဘထွေးဖြစ်သူ ဦးပြန်ထင်နှင့်တွဲဖက်၍ လက်သမားအလုပ် ဝင်ရောက် လုပ်ကိုင်နေချေတော့၏။

 သို့ ကြောင့် ငါတို့သည်ပင် နောက်လိုက်ထွန်စီး လုပ်ခဲ့ရ၏။  အစ်ကိုဖြစ်သူဖြိုးသန်းကား စိတ်ပျော့၏ ။ အလုပ်တစ်ခုကို လက်ကြောတင်းတင်းမလုပ်တတ်။ စည်းစံနစ်ကျကျ လူချင်းတူ မကိုင်တွယ်တတ်။ ငါတို့ သည်လည်း ထိုလယ်ယာအလုပ်မျိုး စိတ်မဝင်စား။ ခိုင်း၍ သာလုပ်ရ စိတ်ကား ကျောင်းမှာရှိနေ၏ ။ 

 ထို ညီအစ်ကိုနှစ်ဦး ထွန်ယက်သော လယ် ကား မြက်ပင်လျှင်မကျွတ်ပြီ။ ဆူးပန်းတောင်းပင်တို့ ကား သရော်ပြုံးပြုံးလျက်က ယိမ်းနွဲ့၍ပင် ကပြနေ ကြ သေး၏။ ဆယ်ဧကမျှရှိသော လယ်ကွင်းတစ်ကွင်း လုံး ဤနည်းနှင်နှင်ဖြင့်ပင် စိုက်ကြရချေ၏ ။ 

ထိုနှစ်သည်ကား ငါတို့ရှင်ပြုရန်ဟူသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုး သောနှစ်ဖြစ်၏။ သို့ကြောင့်ထင်၏ ရိတ်သိမ်း သောကာလ စပါးတင်းပေါင်း ငါးရာကျော်ကျော် ထွက်ရှိခဲ့ချေ၏။ မည်သည့်နှစ်
ကမျှ ထိုအထွက်နှုန်းမျိုး မထွက်ခဲ့ဆို၏။ ထိုခေတ် ထိုကာလက စပါးတစ်ရာလျှင်သုံးပိဿာ (ရှေးအခါ က ငွေဒင်္ဂါးတစ်ကျပ်ဆိုသည်မှာ ငွေစင်တစ်ကျပ်သား တိတိကို သွန်းလုပ်ထားချေရာ-ငွေကျပ်တစ်ရာလျှင် ငွေသား တစ်ပိဿာတိတိပြည့်ရှိ၏။) နှုန်းဖြင့် ရောင်း ချ ရသောခေတ်ဖြစ်၏ ။

 တစ်ဖန် သူဌေးကြီးများ )ပေးလှူမြဲဖြစ်သော ရှင်ပြုအလှူပွဲသည်ပင် ငွေ တစ်ထောင်ကုန်ရှိသော အလှူမျိုးဆိုလျှင် လှူဘွယ်ပစ္စည်း မုန့်၊ ,တောထုံးအရ ၊ အိုး၊ တော ဓလေ့ ဆေး၊ ပေါက်ပေါက်ဆုပ် ဖျာ စသောလှူဘွယ်ဝတ္ထု ဥဿုံ အကုန်ပါဝင် နိုင်ချေရကား ငါတို့အလှူပွဲသည်လည်း သူဌေးကြီး များနည်းတူ ထိုအားလုံး စုံလင်သည့်အပြင် အငြိမ့် ဗျာ စသည်တို့ပါ ပါဝင်ခဲ့ချေ၏ ။ အလှူပေး သောနှစ်ကား ငါတို့ တစ်ဆယ့်လေးနှစ်ထဲမှာ တည်း။ ။

မှတ်မိသေး တော့သည် ၁၃၁၇- ခုနှစ် တပို့တွဲ လပြည့်ကျော် -(၅,၆ရက်)နေ့များတွင် တစ်နယ်လုံးသော   ဆွေမျိုးတို့၏အလယ်၌ ငါတို့ သည်ကား သာကီဝင်မင်းမျိုး အဆောင်အယောင် များခြယ်သကာ ထမ်းစင်စီးလျက်က သာသနာ့ဘောင် ဝင်ခွင့်ရခဲ့ရပါချေ၏။ ညီဝမ်းကွဲ စံခင်နှင့်တွဲဖက် လျက်က နှစ်ဦးသားဝင်ရောက်ခဲ့ရ၏  ။ ထိုတစ်နယ်လုံးသော ဆွေမျိုးတို့၏အလယ် ၌ပင် မိခင်ကြီးလည်း ဟိုကဖြင့်အလှူ အမကြီး၊ သည်ကဖြင့် အလှူ အမ ကြီးဖြင့် မျက်နှာလန်း၍ စန်းပွင့်ခဲ့ရပါချေ၏။

ထိုသို့ဖြစ်ရာ၌ အဓိကဦးဆောင်မှာ အမ ဖြစ်သူ မကြည်သာလျှင်ဖြစ်၏ ။ ထိုအမသည် ငါတို့ အပေါ်၌ အမကဲ့သို့လည်း စိတ်ထားရှိ၏။ မိခင် သို့လည်း စိတ်ထားရှိ၏ ။ လူမှန်းသိတတ်ချိန်မှစ၍ သည်မောင်လေး အတွက်သာ စိတ်ထားရှိသူဖြစ်ခဲ့ပါ၏။ သူ့မောင် မျက်နှာငယ်မည်ကိုလည်း အလွန်စိုး၏။ 

မျက်နှာညိုသည်ကိုလည်း မခံဝံ့ခဲ့ ။ တစ်ခါက သီတင်း ကျွတ်ရာသီမှာ မီးပုံးပျံလွှတ်ပွဲကျင်းပရန် ဒုတိယ ဆရာဘုန်းကြီးက ကျောင်းသားကိုရင်များကို ငွေတစ်ကျပ်စီ ခွဲ၏။  ,  ။(ထိုအခါက စက္ကူငါးရာဆိုလျှင် ၁၅-မျှဖြင့်ရ၏။ ထိုငါးရာကား သုံးရက်မျှ မီးပုံးပျံပွဲကျင်းပလည်း မကုန်လေ ။  ကျောင်းသားငယ်အားလုံးကား ထည့်ဝင်ပြီး ၏။ ခေါင်းဆောင်ငါတို့ကား မထည့်နိုင်သေး ကား အရှက်ကြီး၏ ။ ငါတို့ ။ အရှက်ကြီးသဖြင့်လည်း မျက်နှာ ပူ၏။ ဆရာကလည်း မန္တလေး သွား၍မည်သည့်နေ့  စက္ကူဝယ်တော့မည်ဟု ကြေညာ၏။ တစ်နေ့ ထမင်းစားအပြန် အိမ်ရောက်သည် နှင့် မိခင်ထံ ငွေတစ်ကျပ် တောင်းခံ၏။ မိခင်ကလည်း ( မိုးရာသီဖြစ်သဖြင့် စိုက်ပျိုးစရိတ် အဖိခံထားရသည် အားလျော်စွာ) မရှိသေးဘူး ဟူ၍ ဘူးခံ၏  ။ ငါတို့ကား တောင်းသည်ကိုမပေးရကောင်း လားဆိုကာ “ခင်ဗျားတို့ မွေးထားတုန်းကတော့ ကျုပ်ကို မွေးထားပြီး ခုမှ ကျုပ်ကိုပစ်ထားရသလား” ဟူ၍ ငိုရင်းပြောရင်း စစ်ကြေညာရာ အမေကား ဒုတ်တစ် ချောင်းဖြင့် လိုက်ပါလေတော့၏။ ငါတို့ကလည်း ရှေ့က ငိုလျက်ကရန်တွေ့၏။ အမကား မနေနိုင်ပြီ ။ ခေါင်းရင်းအိမ်ဖြစ်သော ဒေါ်မမကြီးတို့အိမ်သို့ သွားရောက်ချေးကာ လမ်းအထိ လိုက်လံပေးရရှာ ချေ တော့၏။

ယခု ဤရှင်ပြုအလှူပွဲ၌လည်း အငယ်ဆုံး မောင် မျက်နှာမငယ်စေရေးအတွက် မိုးတွင်းကပင် အလှူပစ္စည်းစုဆောင်း၏။ကောက်စိုက် ရာဝယ် အပိုစိုက်လျက်က(ဆိုပါစို့ သုံးယောက်စိုက်ရမည့် လယ်ကို နှစ်ယောက်ထဲစိုက်ပြီး စိုက်ခ တစ်ယောက် ပိုကို မျှယူခြင်းမျိုး) ငွေစုဆောင်း၏။ သို့ကြောင့် အလှူပွဲသည် တန်းစေ့ သော အလှူ၊ ဂေဇက်ဝင် ဖြစ်ခဲ့၏။ မုဆိုးမ၏အလှူက သူဌေးအလှူနှင့် ရင်ဘောင်တန်းလိုက်နိုင်သည်ဆိုကတည်းက အာဂသတ္တိ ဆိုသည်ကို ရိပ်မိနိုင်လောက်၏။ အမကား မိခင်ထက်ပင် ပို၍ ပျော်သေး၏။ 

မဏ္ဍာပ်ဝင် ခေါ်သော လပြည့်ကျော် ၆ရက် နေ့ညနေ တရားနာချိန်ဝယ် ပင့်သံဃာများအားလုံး ပရိတ်တရားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ချီးမြှင့် ခြင်း၊ ရေစက်ချတရားချီးမြှင့်ခြင်းများ ဆောင်ရွက် တော်မူပြီးသဖြင့် ဆရာအပါအဝင် အားလုံး ပြန်လည် ကြွမြန်းပြီးနောက် ငါတို့ကိုလည်း တရားဦး ဟောစေ ၏။ အရွယ်ကား (၁၄)နှစ်သားမျှရှိသေးသဖြင့် ဆုပေး,သီလပေးဖြင့် ပထမ ရှင်ဘဝ တရားဦး စ ,ခဲ့ရချေသတည်း။

ဆက်လက်ပူဇော်ပါမည်....

No comments:

Post a Comment