Sunday, February 3, 2019

မျက်လုံးအစားထိုး ကုသခြင်း - မင်းလူ

.
ဝါစိမ်းပြာနီ ၊ မျ ဉ်းညီ မျ ဉ်းကွေး
လေးထောင့်ဝိုင်းစက် ၊ ဆန့်ကျင်ဘက်တို့
ပေါင်းလျက်စီးကာ ၊ ဖြစ်ပေါ်လာသည့်
သဘာဝတ္ထ ၊ ထိုအလှကို
ဒိဋ္ဌပကတိ ၊ မြင်ခွင့်ရှိလည်း
မသိမမြင် ၊ ကန်းလျက်ပင်တည့် ။

ကောင်းကင်ပြင်အောက် ၊ မျက်မှောက်ဘဝ
လောကအသိ ၊ ကောင်း၏ဆိုးမှား
ခွဲခြားသန့်ရှင်း ၊ သတင်းဖလှယ်
ဆက်သွယ်ကြားခံ ၊ အသံမဲ့သည့်
ကိရိယာတခု ၊ ကိုယ်စားပြုသည်
လူ့သင်္ကေတ ၊ ထိုအလှကို
ဒိဋ္ဌပကတိ ၊ မြင်ခွင့်ရှိလည်း
မသိမမြင် ၊ ကန်းလျက်ပင်တည့် ။

မရှိတာထက် ၊ မသိခက်၏
ရှိလျက်မမြင် ၊ မြင်လျက်မသိ
ထိုသည့်အရှုံး ၊ ဘဝဆုံးကို
မျက်လုံးအစားထိုးကုချင်သည် ။

#မင်းလူ

ကျောင်းကုန်းမဂ္ဂဇင်း၊ ဧပြီလထုတ် ၊ ၁၉၈၃

No comments:

Post a Comment